ကား ၂၄ စီးပါ စစ်ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးမှုများ

ကား ၂၄ စီးပါ စစ်ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးမှုများ

မြိတ် - ထားဝယ်သွား ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ထားဝယ်ဘက်မှ ပုလောဘက်သို့ မောင်းနှင်လာသည့် ကား ၂၄ စီးပါ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကားတစ်စီး မီးလောင်ကာ တစ်စီး တိမ်းမှောက် ပျက်စီးသွားပြီး စစ်ကောင်စီ တပ် ဖွဲ့ဝင် ၂၂ ဦး သေဆုံးခဲ့သည့်အပြင် ၅ ဦးမှာ အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိသွားသည်။

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပိတိုင်တောင်ကွေ့အနီး မတ်လ ၃ ရက်နေ့၊ နံနက် ၇ နာရီ ၁၀ မိနစ် အချိန် ခန့်က စစ်ကောင်စီယာဉ်တန်းကို မဟာမိတ်ပူးပေါင်းအဖွဲ့များက ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ၁၀ မိနစ်ခန့် အကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

မဟာမိတ်ပူးပေါင်းအဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူက “နေရာနှစ်ခုခွဲပြီး စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတာပါ။ အထိအခိုက်မရှိဘဲ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်။ မစ်ရှင်အောင်မြင်တယ် ဆိုရမှာပေါ့” ဟု ပြောသည်။

တိုက်ခိုက်မှုကို သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒေါင်းမင်းစစ်ဆင်ရေး TYC - PDF ၏မြို့ပြ ပြောက်ကျားတပ်ဖွဲ့ နှင့် သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့ TYC-PDGF တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း TYC - PDF တပ်ဖွဲ့က မတ်လ ၆ ရက်နေ့၊ နေ့လည်ပိုင်းတွင် သတင်းထုတ်ပြန် ထားသည်။

မိုင်းဆွဲတိုက်ခိုက်ခံရသည့် ယာဉ်တန်းရှေ့ဆက်မသွားတော့ဘဲ စစ်ကြောင်းခွဲကာ ပိတိုင်ကျေးရွာနှင့် လဘကျေး ရွာထဲသို့ အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်ရှာဖွေခဲ့သည်ဟု ဒေသခံများက ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့များက ပြင်းဖြူကြီးကျေးရွာဘက်သို့လည်း ခြေလျင်စစ်ကြောင်း နှစ်ကြောင်း ထပ်မံခွထုတ် ကာ တောနင်းရှာဖွေခြင်းများ ပြုလုပ်ခဲ့သေးသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

သရက်ချောင်းမြို့နယ်အတွင်းရှိ ပိတိုင်ကျေးရွာ၊ လဘကျေးရွာ၊ ချောက်ချောင်းကျေးရွာ၊ ပြင်းဖြူကြီးကျေးရွာ၊ သိမ်ကုန်းကျေးရွာ စသည့် ကျေးရွာများနှင့် ပြည်ထောင်စု ကားလမ်းမကြီး တစ်လျှောက်တွင် စစ်ကောင်စီ တပ်ဖွဲ့ များ ရှိနေခြင်းကြောင့် ခရီးသွားပြည်သူများ အနေဖြင့် မလိုအပ်ဘဲ သွားလာခြင်းမပြုကြရန်နှင့် သတိထားသွား လာကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...
April 27, 2026
စစ်ဦးစီးချုပ်အသစ် “လက်စွမ်းပြလိုမှုနှင့်အတူ” ကချင်ပြည်အတွင်း စစ်ရေးပိုမိုတင်းမာလာနိုင်ဟု...
April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...