ဖားကန့်တွင် လက်နက်ကိုင်အဖွဲ့တစ်ခုမှ လူငယ် ၃၀ ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွား

ဖားကန့်တွင် လက်နက်ကိုင်အဖွဲ့တစ်ခုမှ လူငယ် ၃၀ ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွား

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှ လူငယ် ၃၀ ကျောက်ခန့်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

မတ်လ ၆ ရက်နေ့ ည ၆ နာရီဝန်းကျင် အိမ်စီးကားများဖြင့် အရပ်ဝတ်များဝတ်ဆင်ကာ လုံးခင်းရပ်ကွက်သို့ ဝင်ရောက်လာပြီး လူငယ် ၃၀ ကျော်ခန့်ကို ရုတ်တရက် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု လုံးခင်းကျေးရွာနေ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။

“လောလောဆယ် သိရသလောက် လူ ၃၀ လောက်ပါသွားတယ် လူငယ်အမျိုးသားတွေကြီးပဲ ပါသွားတာစျေးတန်းတွေထဲမှာဝင်ဆွဲတာ ဘယ်အဖွဲ့ကဆွဲလို့ဆွဲမှန်းမသိဘူး။ အရပ်ဝတ်တွေနဲ့ဝင်ဆွဲတာ ပါဂျဲရိုး၊လိုင်ခရိုဇာကားတွေနဲ့ ဝင်ဆွဲတာ အရပ်ဝတ်နဲ့ဆိုတော့ အတည်ပြုရခက်နေတယ်”ဟုပြောသည်။

လူနေအိမ်များနှင့် ကုန်စုံဆိုင်များတွင် အဓိက ဝင်ရောက်ဖမ်းဆီးသွားပြီး ဖမ်းဆီးခံရသည့် ၃၀ ကျော်ထဲတွင် အသက် ၂၀ နှင့် ၃၀ ကြာ လူငယ်များကိုသာ ခေါ်ဆောင်သွားကြောင်းသိရသည်။

“ဟုတ်တယ်ကြားတယ် ဘယ်အဖွဲ့က ဆွဲသွားမှန်းမသိဘူး ရောင်ခြည်ဦးကုန်မာဆိုင်က ၂ ယောက်၊ New Light ဆိုင်ကယ် ပစ္စည်းရောင်းတဲ့ ဆိုင်ထဲက တစ်ယောက်၊ မင်းစိတ်ကြိုက် ကားတာယာ ရောင်းတဲ့ဆိုင်က တစ်ယောက် ကျမအသိထဲက အဲ့လောက်ပါသွားတယ်။ ကျန်တာကမသိဘူး”ဟုလုံးခင်းကျေးရွာမှ အမျိုးသမီးတစ်ဦး ပြောသည်။

အဆိုပါ လာရောက်ဖမ်းဆီးသွားသည့် လက်နက်ကိုင်အဖွဲ့သည် အိမ်စီးကားများဖြင့် လူစုခွဲကာ တစ်ချိန်တည်း ရုတ်တရက်ဝင်ရောက်ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

ဖားကန့် မြို့နယ်တွင် ယခုနှစ်အတွင်း အရပ်သားပြည်သူများ ဖမ်းဆီးခံရမှု ပိုမိုများပြားလာပြီး အဆိုပါ ဖမ်းဆီးမှုကို စစ်ကောင်စီအဖွဲ့မှ ဖမ်းဆီးမှု အများဆုံးလုပ်ဆောင်နေသော်လည်း လက်ရှိဖမ်းဆီးမှုမှာ မည်သည့်အဖွဲ့မှ ဖမ်ဆီးမှုဖြစ်ကြောင်ကို အသေးစိတ်မသိရကြောင်း ဒေသခံများပြောသည်။

Most read this week

August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။
August 21, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ယာဉ်များ ပုံမှန် အသုံးပြုနေသည့်...
ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...