မြန်မာနိုင်ငံရှိ လူဦးရေ ၁၇ သန်းကျော်အတွက် အကူအညီများလိုအပ်နေဟု UNOCHA ထုတ်ပြန်

မြန်မာနိုင်ငံရှိ လူဦးရေ ၁၇ သန်းကျော်အတွက် အကူအညီများလိုအပ်နေဟု UNOCHA ထုတ်ပြန်

မြန်မာနိုင်ငံအတွင်းရှိ စုစုပေါင်းလူဦးရေ၏ ၃ ပုံ ၁ ပုံနီးပါးသည် လက်ရှိအချိန်တွင် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများလိုအပ်နေသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က မတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း အိုးအိမ်စွန့်ခွာ‌ထွက်ပြေး တိမ်းရှောင်ရသူ ၁ ဒသမ ၅ သန်းကျော်ရှိ‌နေပြီး၊ ၂၀၂၃ ခုနှစ်အထိ ပြည်သူ ၁၇ ဒသမ ၆ သန်း (စုစုပေါင်းလူဦးရေ၏ ၃ ပုံ ၁ပုံ နီးပါး) သည် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ လိုအပ်နေကြောင်း UNOCHA က ထုတ်ပြန်ထားခြင်းဖြစ် သည်။

ထို့ကြောင့် ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတုံ့ပြန်ရေး အစီ အစဉ်အတွက် ဒေါ်လာ ၇၆၄ သန်း ကုန်ကျနိုင်သည်ဟုဆိုသည်။

မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသော ပဋိပက္ခအခြေအနေများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးသူ လူဦးရေ ၄ သန်းကျော်အတွက် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများပေးအပ်ထားပြီး ဖြစ်ကြောင်းဆိုသည်။ သို့သော် မည်သည့်ဒေသမှ စစ်ဘေးရှောင်များကို မည်ကဲ့သို့ကူညီခဲ့ကြောင်းနှင့် ခန့်မှန်းကုန်ကျငွေကို ဖော်ပြထားခြင်းမရှိပေ။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့အထိ ကုလသမဂ္ဂ၏ နောက်ဆုံးကောက်ယူထားသော ကိန်းဂဏန်း များအရ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင်လည်း အိုးအိမ်စွန့်ခွာနေထိုင်ရသူဦးရေ ၃၆၁,၀၀၀ အထိ များ ပြားလာခဲ့ကြောင်း UNOCHA ၏ ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။  ။စောဖေ

NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...