မြစ်ကြီးနားတွင် အဆောင်ပိုင်ရှင်တစ်ဦးကို စစ်ကောင်စီဖမ်းဆီး

မြစ်ကြီးနားတွင် အဆောင်ပိုင်ရှင်တစ်ဦးကို စစ်ကောင်စီဖမ်းဆီး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ရွှေလိပ်ပြာအဆောင်ပိုင်ရှင်အား စစ်ကောင်စီတပ်ဖွဲ့မှ အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီဝန်းကျင်အချိန် စီတာပူရပ်ကွက် ရွှေလိပ်ပြာအဆောင် ၎င်း၏နေအိမ်အတွင်း မိသားစုနှင့် ရှိနေစဉ် စစ်ကောင်စီအဖွဲ့က လာရောက်ဖမ်းဆီးသွားသည်ဟု နီးစပ်သူ ပြည်သူတစ်ဦးက KNG ကိုပြောသည်။

“မနေ့က နေ့လည်ပိုင်းမှာ မေးစရာရှိတယ် ခနလိုက်ခဲ့ပါဆိုပြီး ခေါ်သွားတာ“ဟုနီးစပ်သူတစ်ဦးက ဆိုသည်။

စစ်ကောင်စီိအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ဦးလာမြာတားခေါ်သူ ရွှေလိပ်ပြာအဆောင်ပိုင်ရှင်သည် ယခင်က ဥဗျစ်ကျေးရွာ၏ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း တစ်ဦးဖြစ်ကြောင်းလည်းသိရသည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့သည် မြစ်ကြီးနားမြို့တွင်းနေရာများတွင် ညသန်ခေါင်ယံအချိန် ဧည့်စာရင်းစစ်သည့် ခေါင်းစဉ်ဖြင့် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိနေကြောင်း သိရသည်။

“ညတိုင်းလိုလို သူတို့ပဲ လျှောက်သွားနေတာ ဧည့်စာရင်းတွေစစ်တယ် မသ်ကာရင်ဖမ်းတယ်။ ဟိုနေ့က စီတာပူမှာရော ယုဇနမှာရော ဝင်စစ်တယ်လို့ကြားတယ်“ဟုမြို့ခံ ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့မှ မြစ်ကြီးနားမြို့အတွင်း ညမထွက်ရအမိန့်ထုတ်ပြန်ထားသည်ကိုလည်းတွေ့ရသည်။

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...