ဖားကန့် မြို့နယ် ရှရော်ခ ကျေးရွာကို စစ်ကောင်စီက အင်အား အလုံးအရင်းဖြင့်ဝင်စီးကာ အရပ်သား ၂၀၀ ခန့်ကို ဖမ်းခေါ်သွား

ဖားကန့် မြို့နယ် ရှရော်ခ ကျေးရွာကို စစ်ကောင်စီက အင်အား အလုံးအရင်းဖြင့်ဝင်စီးကာ အရပ်သား ၂၀၀ ခန့်ကို ဖမ်းခေါ်သွား

ဖားကန့်မြို့နယ် ရှရော်ခ (Sharaw Hka) ကျေးရွာကို ယနေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီက အင်အား အလုံးအရင်းဖြင့်ဝင်စီးပြီး အရပ်သား ၂၀၀ ခန့်ကိုလည်း ဖမ်းဆီးသွားကြောင်း သိရသည်။

လူဦးရေ ၅၀၀ နီးပါးရှိသည့် ရှရော်ခကျေးရွာသို့ ယနေ့မွန်းလွဲပိုင်း ၄ နာရီခန့်တွင် စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့်ဖြင့် ဝင်ရောက်လာပြီးနောက် အရပ်သားများကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဖြစ်စဥ်သိသူ ဒေသခံ အမျိူးသားတစ်ဦးက KNG ကို ပြောသည်။

”အရွယ်ကောင်းတဲ့ အမျိုးသား အမျိုးသမီးတွေကိုဖမ်းသွားတယ် ခန့်မှန်ရသရလောက် ၂၀၀ လောက်ရှိမယ် တချို့ အမျိုးသမီးကြီးတွေ အသက်ကြီးတဲ့သူတွေတော့ချန်ထားခဲ့တယ် အိမ်တွေကိုလည်း ရိုက်ဖျက်ဆီးသွားတယ်တဲ့” ဟု ပြောသည်။

ရှရော်ခ (Sharaw Hka) ကျေးရွာတွင် နေထိုင်သော ပြည်သူများမှာ စစ်ကိုင်းတိုင်း ပုလဲ၊ ကန့်ဂေါ် ဘက်မှ ပြောင်းရွေ့လာသူများဖြစ်ကြပြီး ၎င်းတို့ကို ဖေဖော်ဝါရီလ ၂၅ ရက် နောက်ဆုံးထားကာ ထိုနေရာမှ ပြောင်းရွေ့ပေးရန် စစ်ကောင်စီမှ အသိပေးခဲ့သည်။

ထိုသို့ ရက်ကျော်သည်အထိ ကျန်ရစ်ခဲ့သူများကို လာရောက်ဖမ်းဆီးခြင်း ဖြစ်နိုင်ကြောင်း သတ်မှတ်ရက်မတိုင်ခင် ရှရော်ခ (Sharaw Hka) ကျေးရွာမှ မှော်ပုံ (Maden Yang) ဘက်သို့ ပြောင်းသွားသော ပြည်သူတစ်ဦးက ပြောသည်။

”တချို့လည်းပြောင်းကြပြီအများပိုင်းတော့မပြောင်းဘူး၊ မိသားစုများတဲ့သူတွေကဘယ်အဆင်ပြေမလဲ ကျနော်တော့ ကလေးနှစ်ယောက်က အရွယ်ရောက်ပြီဆိုတော့ အောက်ပိုင်းကို လွတ်လိုက်တယ်။ ကျနော်တစ်ယောက်ထဲဆိုတော့ အေးဆေးဆိုပြီး ဒီဘက်မှော်ပုံ ဘက်ကိုပြောင်းလာတယ်။ အများစုက မပြောင်းကြသေးဘူး” ဟု ပြောသည်။

လက်ရှိ ဖမ်းဆီးသွားသည့် အရပ်သားများကို စဗျစ်ခူးကျေးရွာအနီးရှိ စစ်ကောင်စီ စစ်သားများ တပ်စွဲထားသော ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်တစ်ခုတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း စဗျစ်ခူးကျေးရွာအနီး စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရ၍ စဗျစ်ခူးရွာသား ၆၀ ကျော်ကို ဝင်ရောက်ဖမ်းဆီးခဲ့သည်။ ထို့နောက် ယနေ့ ဖမ်းထားသည့်ပြည်သူများကိုလည်း ထိုနေရာတွင်သာ ထိန်းသိမ်းထားကြောင်း ဆက်လက် သိရသည်။

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...