ဘားအံတွင် ကျောင်းထိုင်ဆရာတော်နှင့် ဒကာ၊ ဒကာမ ၃ ဦးဖမ်းဆီးခံရ

ဘားအံတွင် ကျောင်းထိုင်ဆရာတော်နှင့် ဒကာ၊ ဒကာမ ၃ ဦးဖမ်းဆီးခံရ
စောကြယ်ဖြူအကောင့်မှ မျှဝေထားသော ဝိမုတ္တိသုခဝိဟာရကျောင်းတိုက် မုဒ်ဦးပုံ
စောကြယ်ဖြူအကောင့်မှ မျှဝေထားသော ဝိမုတ္တိသုခဝိဟာရကျောင်းတိုက် မုဒ်ဦးပုံ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘုရားကုန်းကျေးရွာ၊ ဘားအံ-ကော့ကရိတ် လမ်းမပေါ်ရှိ ဆရာတော်မင်းသုည (ဗုဒ္ဓတက္ကသိုလ်) သတင်းသုံးခဲ့သော ဝုမုတ္တိသုခဝိဟာရ ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်နှင့် ကျောင်းဝေယျာဝစ္စတာဝန်ယူထားသော ဒါယကာ နှစ်ဦး၊ ဒါယိကာမ တစ်ဦးတို့  ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

" ဖမ်းခံရတာ ၂၆ ရက်နေ့ကတည်းက၊ ဘုန်းကြီးတွေအရင်ဆုံး ဝင်လာတယ်ပြောတယ်၊ အဲ့ဒါတော့ ကျွန်တော်တို့မတွေ့တော့ သေချာမပြောပြတတ်ဘူး။ ကျွန်တော်တို့ သေချာပြောပြနိုင်တာကတော့ ကျောင်းထဲ ကားတွေဝင်လာပြီး ခဏနေတော့ အဖမ်းခံရတာပဲ။ အခုတော့ ကျောင်းထဲမှာ BGF တွေ ရှိနေတယ်" ဟု ဘားအံ သတင်းအရင်းအမြစ်က မဇ္ဈိမကိုပြောသည်။

အဖမ်းခံရသည့်ဖြစ်စဉ်တွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ၌ ဦးပဉ္စင်းတချို့ ဝိမုတ္တိဘုန်းကြီးကျောင်းအတွင်းသို့ ခေတ္တတည်းခိုရန် ဝင်လာခဲ့ပြီး၊ ထို့နောက်တွင် စစ်ကောင်စီတပ်နှင့် စစ်ကောင်စီလက်အောက်ခံ BGF တပ်သားများ ကား လေးစီးဖြင့် လာရောက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးပြီး ပြန်သွားချိန်တွင် ကားပေါ်ပါလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့နှင့် တည်းခိုရန်လာသော ဦးပဉ္စင်းများ ကျောင်းထဲတွင် ကျန်ရစ်ခဲ့ကြောင်း၊ တည်းခိုရန်လာသော ဦးပဉ္စင်းများသည် မ.ဘ.သ ( အမျိုးသား၊ဘာသာ၊သာသနာ စောင့်ရှောက်ရေး အဖွဲ့) ဘုန်းကြီးများဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

အဖမ်းခံလိုက်ရသည့်အချိန်မှစ၍ ဖမ်းခံရသည့်အကြောင်းအရင်းအား မသိရသလို ဆရာတော်အား မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို ယခုအချိန်ထိ အစအနပင် မသိရကြောင်း ထိုဒေသခံကပြောသည်။

ဖမ်းဆီးခံရသော ဆရာတော်၏ ဘွဲ့နာမည်မှာ ဥူးတိလောက ဖြစ်ပြီး ဝိမတ္တိသုခဝိဟာရကျောင်း၌ သီတင်းသုံးနေထိုင်ခဲ့သည်မှာ ငါးဝါခန့်ရှိပြီဖြစ်ကာ အဖမ်းဆီးခံ ဒါယကာနှစ်ဦးနှင့် ဒါယိကာမသည်လည်း ဤကျောင်းတွင် ကူညီလုပ်ကိုင်ပေးကြသည်မှာ နှစ်ချီနေပြီဟု သိရသည်။

ကျောင်းထိုင်ဆရာတော်နှင့် ဒါယကာ၊ ဒါယိကာမ သုံးဦးအား ဖမ်းဆီးပြီးချိန်မှစ၍ ဝိမုတ္တိသုခဝိဟာရကျောင်းအတွင်း၌ မ.ဘ.သ ဆရာတော်များ သီတင်းသုံးနေပြီး စစ်ကောင်စီ လက်အောက်ခံ BGF တပ်မှလည်း လုံခြုံရေးအပြည့်ချထားကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ထို့အပြင် ဘားအံမြို့ရှိ မ.ဘ.သ ဆရာတော်တစ်ပါးဖြစ်သူ စောကြယ်ဖြူဆိုသည့်အကောင့်မှ ဝိမုတ္တိသုခဝိဟာရ ကျောင်းတိုက်အတွင်းမှ အပြင်ဘက်မုခ်ဝသို့ မြင်ရသော ဓါတ်ပုံတစ်ပုံအား ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖြန့်ဝေထားကြောင်း တွေ့ရသည်။

ဝိမုတ္တိသုခဝိဟာရကျောင်းအား ၂၀၁၅ ခုနှစ်တွင် ဆရာတော် မင်းသုည (ဗုဒ္ဓတက္ကသိုလ်) က တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဆရာတော်သည် စစ်ကောင်စီအာဏာသိမ်းမှုအား ဆန့်ကျင်ခဲ့သဖြင့် စစ်ကောင်စီတပ်မှ လိုက်လံရှာဖွေမှုကြောင့် ၂၀၂၁ ခုနှစ်ကတည်းက လွတ်မြောက်ရာနေရာသို့

တိမ်းရှောင်ခဲ့ရပြီး ဆရာတော်သည် ယခုကာလများတွင် လွတ်မြောက်နယ်မြေမှတစ်ဆင့် တရား၊ဓမ္မ အဆုံးအမများအား မျှဝေလျက်ရှိကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...