KNU ကွန်ကရက်ညီလာခံကို တပ်မဟာ(၅) ကိုယ်စားလှယ်တွေ မတက်

KNU ကွန်ကရက်ညီလာခံကို တပ်မဟာ(၅) ကိုယ်စားလှယ်တွေ မတက်
ပုံစာ- ၁၆ ကြိမ်မြောက်ကျင်းပခဲ့တဲ့ KNU ကွန်ဂရက်ညီလာခံ(ပုံဟောင်းဖြစ်ပါသည်)ဓာတ်ပုံ - (KNU HQ)
ပုံစာ- ၁၆ ကြိမ်မြောက်ကျင်းပခဲ့တဲ့ KNU ကွန်ဂရက်ညီလာခံ(ပုံဟောင်းဖြစ်ပါသည်)ဓာတ်ပုံ - (KNU HQ)

(၁၇)ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး KNU ကွန်ကရက်ညီလာခံကို တပ်မဟာ(၅)ကိုယ်စား လှယ်တွေ တက်ရောက်လာခြင်းမရှိဘူးလို့ KNU သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

KNU ကွန်ဂရက်ညီလာခံကို လူချင်းတက်ရောက်ဖို့ အခက်အခဲရှိတာကြောင့် မနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ကစပြီး အွန်လိုင်းစနစ်နဲ့ ကျင်းပပြုလုပ်နေတာ ဖြစ်ကာ အလုပ်အမှုဆောင်ကော်မတီဝင်တွေနဲ့ ခရိုင်အသီးသီးက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပေမယ့် တပ်မဟာ(၅)က ကိုယ်စားလှယ်တွေ တက်ရောက်တာမျိုးမရှိဘူးလို့ သိရပါတယ်။

KNU ကွန်ကရက်ညီလာခံကို အွန်လိုင်းကနေကျင်းပနေတဲ့ အခြေအနေအပါအဝင် တပ်မဟာ (၅) ကိုယ်စားလှယ်တွေ တက်ရောက်မှု မရှိတဲ့အပေါ် KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးထံ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားတာ မရှိသေးသလို KNU ဗဟိုဘက်ကလည်း လတ်တလောမှာ တရားဝင်သတင်း ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။

KNU ကွန်ဂရက်ညီလာခံကို တပ်မဟာ(၅)ကိုယ်စားလှယ်တွေ မတက်ရောက်တဲ့ အခြေအနေနဲ့ ပတ် သက်ပြီး ပြောကြားလို့ မရကြောင်း တပ်မဟာ(၅) တာဝန်ရှိသူတစ်ဦးက ပြောဆိုထားပါတယ်။

(၁၇)ကြိမ်မြောက် KNU ကွန်ဂရက်ညီလာခံကို ကိုဗစ်ကပ်ရောဂါနဲ့ စစ်ရေးအခြေအနေတွေကြောင့် အ ကြိမ်ကြိမ်ရွေ့ဆိုင်းခဲ့ရပြီး ညီလာခံကို(၄)နှစ်တစ်ကြိမ် ကျင်းပရမှာဖြစ်ပေမယ့် အဲဒီအခြေအနေတွေကြောင့် သက်တမ်း(၂)နှစ် ထပ်မံတိုးခဲ့ရတာပါ။

ဒါပေမယ့် ညီလာခံကို ဘယ်နည်းနဲ့မဆို မဖြစ်မနေကျင်းပသွားရမှာဖြစ်တယ်လို့ KNU ပြောခွင့်ရ ပဒိုစောတောနီးကပြောဆိုပြီး တစ်ပတ်အကြာမှာပဲ အွန်လိုင်းကနေ ကျင်းပနေတာပါ။

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ (၁၆)ကြိမ်မြောက် ကွန်ဂရက်ညီလာခံကို လွန်ခဲ့တဲ့နှစ် (၂၀၁၇)ခုနှစ် မတ်လပိုင်းမှာ နောက်ဆုံးကျင်းပခဲ့တာ ဖြစ်ပါတယ်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...