KNU ကွန်ကရက်ညီလာခံကို တပ်မဟာ(၅) ကိုယ်စားလှယ်တွေ မတက်

KNU ကွန်ကရက်ညီလာခံကို တပ်မဟာ(၅) ကိုယ်စားလှယ်တွေ မတက်
ပုံစာ- ၁၆ ကြိမ်မြောက်ကျင်းပခဲ့တဲ့ KNU ကွန်ဂရက်ညီလာခံ(ပုံဟောင်းဖြစ်ပါသည်)ဓာတ်ပုံ - (KNU HQ)
ပုံစာ- ၁၆ ကြိမ်မြောက်ကျင်းပခဲ့တဲ့ KNU ကွန်ဂရက်ညီလာခံ(ပုံဟောင်းဖြစ်ပါသည်)ဓာတ်ပုံ - (KNU HQ)

(၁၇)ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး KNU ကွန်ကရက်ညီလာခံကို တပ်မဟာ(၅)ကိုယ်စား လှယ်တွေ တက်ရောက်လာခြင်းမရှိဘူးလို့ KNU သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

KNU ကွန်ဂရက်ညီလာခံကို လူချင်းတက်ရောက်ဖို့ အခက်အခဲရှိတာကြောင့် မနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ကစပြီး အွန်လိုင်းစနစ်နဲ့ ကျင်းပပြုလုပ်နေတာ ဖြစ်ကာ အလုပ်အမှုဆောင်ကော်မတီဝင်တွေနဲ့ ခရိုင်အသီးသီးက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပေမယ့် တပ်မဟာ(၅)က ကိုယ်စားလှယ်တွေ တက်ရောက်တာမျိုးမရှိဘူးလို့ သိရပါတယ်။

KNU ကွန်ကရက်ညီလာခံကို အွန်လိုင်းကနေကျင်းပနေတဲ့ အခြေအနေအပါအဝင် တပ်မဟာ (၅) ကိုယ်စားလှယ်တွေ တက်ရောက်မှု မရှိတဲ့အပေါ် KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးထံ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားတာ မရှိသေးသလို KNU ဗဟိုဘက်ကလည်း လတ်တလောမှာ တရားဝင်သတင်း ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။

KNU ကွန်ဂရက်ညီလာခံကို တပ်မဟာ(၅)ကိုယ်စားလှယ်တွေ မတက်ရောက်တဲ့ အခြေအနေနဲ့ ပတ် သက်ပြီး ပြောကြားလို့ မရကြောင်း တပ်မဟာ(၅) တာဝန်ရှိသူတစ်ဦးက ပြောဆိုထားပါတယ်။

(၁၇)ကြိမ်မြောက် KNU ကွန်ဂရက်ညီလာခံကို ကိုဗစ်ကပ်ရောဂါနဲ့ စစ်ရေးအခြေအနေတွေကြောင့် အ ကြိမ်ကြိမ်ရွေ့ဆိုင်းခဲ့ရပြီး ညီလာခံကို(၄)နှစ်တစ်ကြိမ် ကျင်းပရမှာဖြစ်ပေမယ့် အဲဒီအခြေအနေတွေကြောင့် သက်တမ်း(၂)နှစ် ထပ်မံတိုးခဲ့ရတာပါ။

ဒါပေမယ့် ညီလာခံကို ဘယ်နည်းနဲ့မဆို မဖြစ်မနေကျင်းပသွားရမှာဖြစ်တယ်လို့ KNU ပြောခွင့်ရ ပဒိုစောတောနီးကပြောဆိုပြီး တစ်ပတ်အကြာမှာပဲ အွန်လိုင်းကနေ ကျင်းပနေတာပါ။

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ (၁၆)ကြိမ်မြောက် ကွန်ဂရက်ညီလာခံကို လွန်ခဲ့တဲ့နှစ် (၂၀၁၇)ခုနှစ် မတ်လပိုင်းမှာ နောက်ဆုံးကျင်းပခဲ့တာ ဖြစ်ပါတယ်။

Most read this week

ဓာတ်ပုံ - Crd / (ပုံစာ - ကျိုက်မရော ဗဟိုအကျဉ်းထောင်အား တွေ့ရစဉ်။)
September 12, 2026
မွန်ပြည်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် အခုရက်ပိုင်းအတွင်း ဆေးဝါးကုသခွင့် မရရှိသည့်အတွက် သွေး...
ဓာတ်ပုံ – MPU
September 11, 2026
အာဏာသိမ်းမှုကို အရင်းခံ၍ စစ်အုပ်စုတပ် ဦးဆောင်ကျင်းပခဲ့သည့် အပိုင်းလိုက် ရွေးကောက်ပွဲမှ ပေါ်ပေါက်...
ဓါတ်ပုံ – NUG
September 10, 2026
မဏ္ဍိုင်သုံးခုဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်...
September 9, 2026
ပြည်သူ့စစ်မှုထမ်း အပတ်စဉ်သင်တန်းအတွက် လိုအပ်သည့် တပ်သားများ ရရှိရေး ပေါ်တာဆွဲမှုများ မြင့်တက်...