ထားဝယ်ခရိုင်တွင် ဖေဖော်ဝါရီလအတွင်း တိုက်ပွဲ(၄)ကြိမ်တွင် စစ်ကောင်စီဘက်က(၄၀)ကျော် သေဆုံးဟုဆို

ထားဝယ်ခရိုင်တွင် ဖေဖော်ဝါရီလအတွင်း တိုက်ပွဲ(၄)ကြိမ်တွင် စစ်ကောင်စီဘက်က(၄၀)ကျော် သေဆုံးဟုဆို

တနင်္သာရီတိုင်း ထားဝယ်ခရိုင်ရှိ မြို့နယ်များတွင် ဖေဖော်ဝါရီလအတွင်း  တိုက်ပွဲလေးကြိမ် ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်သား ၄၄ ဦး ထက် မနည်း သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် ထားဝယ်ခရိုင် တပ်ရင်း (၁) က ထုတ်ပြန်သည်။

ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံး၊ ရေဖြူမြို့နယ်တို့ပါဝင်သော ထားဝယ်ခရိုင်အတွင်း တိုက်ပွဲအ‌ခြေအ‌နေကို ယနေ့မတ်လ (၁)ရက်နံနက်တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

မဟာမိတ် တော်လှန်ရေးအစုအဖွဲ့များနှင့် စုပေါင်းကာ ထားဝယ်မြို့နယ်ရှိ ထားဝယ်-ထီးခီးလမ်းပေါ်တွင်သုံးကြိမ်၊ သရက်ချောင်းမြို့နယ်၊ စော်ဖျားရွာတွင်တစ်ကြိမ် စုစုပေါင်းတိုက်ပွဲ လေးကြိမ် ဖော်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထား၀ယ်-ထီးခီး လမ်းပိုင်းရှိ ပကာရီရဲကင်းကို ဝင်‌ရောက်ပစ်ခတ်စဥ်က အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီဘက်မှသေဆုံးမှုကို တိတိကျကျ မသိခဲ့ရကြောင်းထုတ်ပြန်သည်။ ထိုတိုက်ပွဲတွင် မဟာမိတ်ဘက်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သလို ကွာလီတောင်ထိပ် တိုက်ပွဲတွင်လည်း တပ်ရင်းရဲဘော်  တစ်ဦး ကျဆုံးခဲ့သည်ဟု ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် တပ်ရင်း (၁) သည် ၎င်းတို့ ဖော်ဆောင်သည့် တိုက်ပွဲများကို ပွဲပြီးပြီးချင်း ဖော်ပြလေ့ မရှိဘဲ ယခုကဲ့သို့ လချုပ် ထုတ်ပြန်လေ့ ရှိကြောင်း တနင်္သာရီ စစ်ဒေသခွဲ-ကွပ်ကဲရေး အဖွဲ့ပြန်ကြားရေးဌာနက ယနေ့ ထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ထားဝယ်ခရိုင် တပ်ရင်း (၁) သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီ စစ်ဒေသခွဲအောက်တွင် ဖွဲ့စည်းထားသည်။

July 4, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ ဇီးကုန်းရွာရှိ အရပ်သားဈေးဆိုင်တစ်ဆိုင်ကို စစ်တပ်က ယမန်နေ့ (ဇူလိုင်လ...
ဓာတ်ပုံ - ပေါက်မြို့နယ်၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဌာန
July 3, 2026
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်းသို့ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းကြောင့်...
July 3, 2026
ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်နှင့် သာကေတမြို့နယ်အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း...
July 2, 2026
ဟန်ထူးဇော် — ကရင်ပြည်နယ် ဘားအံမြို့နှင့် မြဝတီမြို့ အဝေးပြေးကားလမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေသော...