ကွတ်ခိုင် – နမ့်ဖတ်ကာကြား စစ်ကောင်စီ နှင့် KIA တို့ တိုက်ပွဲဖြစ်ပွား

ကွတ်ခိုင် – နမ့်ဖတ်ကာကြား စစ်ကောင်စီ နှင့် KIA တို့ တိုက်ပွဲဖြစ်ပွား

သျှမ်းပြည် မူဆယ်ခရိုင် ကွတ်ခိုင် – နမ့်ဖတ်ကာ ကြား ကားလမ်းမကြီးပေါ်တွင် စစ်ကောင်စီ နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ ယနေ့ (ဖေဖော်ဝါရီ ၂၈) ရက် နေ့လည် ၁ နာရီ ဝန်းကျင်မှစပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“ ပစ်ခတ်နေကြတာ။ နမ့်ကွတ် နားမှာဖြစ်တာ။ သူတို့ပစ်တော့ ကျနော်တို့ ကားသမားတွေကို လမ်းမှာစောင့်ခိုင်းထားတယ်။ သူတို့ တိုက်ပွဲဖြစ်ကြတာ ၁ နာရီလောက်တော့ရှိတယ်။ ကျနော်တို့က ကားရပ်ပြီးတော့ စောင့်ကြည့်နေရတာ” ဟု ကားသမားတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားရခြင်းသည် KIA တပ်ဖွဲ့မှ ကားသမားများကို အခွန်ကောက်ယူနေသည့်အတွက်ကြောင့် တိုက်ပွဲဖြစ်ပွားရကြောင်း ကွတ်ခိုင်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ သူတို့ တိုက်ပွဲဖြစ်နေတာတော့ ကြာပြီ။ ဒီတစ်ခါတော့ တိုက်ပွဲမဖြစ်တာ ၂၀ ရက်လောက်တော့ ရှိပြီ။ ဒီနေ့မှ ပြန်ဖြစ်တာ။ အဓိကတော့ KIA က ကားသမားတွေကို အခွန်ကောက်လို့ဖြစ်တာ။ ကားတစ်စီးဆိုရင် သူတို့က ၃ သိန်းလောက်အထိ ကောက်တယ်လေ။ ဒီလိုကောက်နေတာ ၂ နှစ်လောက် ရှိတော့မယ်” ဟု ၎င်းက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းအတွင်း နမ့်ဖလွန်ရွာတောင်ဘက် KIA တပ်မဟာ – ၆ တပ်ရင်း – ၉ နှင့် စစ်ကောင်စီ ခလရ ၄၅ တပ် တို့အကြား ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် အရပ်သား တဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

May 1, 2026
စိုင်းဆိုင်အိုက် — ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ...
April 30, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် နမ့်ခမ်းမြို့နယ်ရှိ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများတွင်...
April 29, 2026
စိုင်းဟန်လင်း — ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)...
April 28, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့်...