စစ်ကောင်စီတပ် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ရာ အမျိုးသမီးတစ်ဦး ထိမှန်

စစ်ကောင်စီတပ် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ရာ အမျိုးသမီးတစ်ဦး ထိမှန်

ဖားကန့်မြို့နယ် မဇွပ်ယန်ကျေးရွာဘက်တွင် ယနေ့ နံနက် ၇ နာရီခန့်တွင် KIA နှင့် PDF စစ်ရေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ပြည်သူ အမျိုးသမီးတစ်ဦး လက်နက်ကြီး ထိမှန်ကာ ဒဏ်ရာပြင်းထန်ခဲ့သည်။

”KIA PDF က ဒီနေ့မနက် စစ်ရေးလှုပ်ရှားမှု နည်းနည်းလုပ်လိုက်တာ။ အဲ့တာ ဒီကောင်တွေ ဘယ်လိုသိလို့လဲမသိဘူး။ လက်နက်ကြီးတွေ ရမ်းပစ်လာတာ လက်နက်ကြီးက ကျန့်ဖြစ်တာလား၊ တမင် ရွာထဲကို ပစ်တာလားမသိဘူး။ အဝေးကိုမရောက်ပဲ အနီးနားရွာထဲကိုကျတာ အမျိုးသမီးတစ်ယောက်တော့ ထိသွားတယ် စိုးရိမ်ရတယ်”ဟုဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်နက်ကြီး ထိမှန်သည့်အမျိုးသမီးမှာ မဇွပ်ယန်ကျေးရွာနေ ဒေါ်လခရိဂျာအိန်ဆိုသူဖြစ်ပြီး လက်ရှိ စိုးရိမ်ဒဏ်ရာဖြင့် ဆေးယူသမှု ခံယူနေကြောင်း သိရသည်။

”စစ်ကောင်စီဘက်ကနေ လက်နက်ကြီးတွေရမ်းပစ်ပြီး ပြည်သူတွေဘက်က ထိခိုက်မှုရှိသွားတော့ KIA ၊ PDF ဘက်ကလည်း မနက် ၈နာရီခွဲ လောက်မှာတော့ လက်နက်ကြီး သုံးလုံး ၊ လေးလုံး လောက်လာပြီး ပစ်ထည့်သွားတယ်။ ထောင်ထဲကို ထိခိုက်တာရှိမရှိတော့ မသိရသေးဘူး”ဟုအခြားဒေသခံတစ်ဦးက ပြောသည်။

လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ခဲ့သည့်အပြင် လူနေအိမ်သုံးလုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ တပ်သားများသည် မဇွပ်ယန်ထောင်အတွင်း၌ တပ်စွဲနေထိုင်နေသည့်အပြင် မဇွပ်ယန် ထောင်အနီးရှိ ကုမ္ပဏီလုပ်ကွက်ဝန်း နှစ်ခုတွင်လည်း ခြံစည်းရိုးခတ်ကာ တပ်စွဲနေထိုင်ကြောင်း သိရသည်။

မဇွပ်ယန်ထောင်မှ ယခုကဲ့သို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ မကြာခနရှိနေပြီး ယခင်ကလည်း ပြည်သူများ ထိခိုက်မှု ရှိခဲ့သည်။

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...