တကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီက ရခိုင်ကအရပ်သား ၅၉၄ ဦးကို ဖမ်းဆီးခဲ့ပြီး ယင်းအနက် ၃၉၁ ဦးသာ ပြန်လွတ်မြောက်၊ ၂၀၃ ဦးမှာ ဆက်လက်ဖမ်းဆီးထား၊

တကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီက ရခိုင်ကအရပ်သား ၅၉၄ ဦးကို ဖမ်းဆီးခဲ့ပြီး ယင်းအနက် ၃၉၁ ဦးသာ ပြန်လွတ်မြောက်၊ ၂၀၃ ဦးမှာ ဆက်လက်ဖမ်းဆီးထား၊

၎င်းတို့ လွတ်မြောက်ရေး ULA/AA က ၃ လကြာ ညှိနှိုင်းနေသော်လည်း လွှတ်ပေးခြင်းမရှိသေး

ရခိုင်ပြည်တွင် တကျော့ပြန်တိုက်ပွဲကာလအတွင်း စစ်ကောင်စီက ရခိုင်ကအရပ်သား ၅၉၄ ဦးကို ဖမ်းဆီးခဲ့ပြီး  ယင်းအနက် ၃၉၁ ဦးသာ ပြန်လွတ်မြောက်လာပြီး ၂၀၃ ဦးမှာ ဖမ်းဆီး ချုပ်နှောင်ခံထားရဆဲ ဖြစ်ကြောင်း၊  ၎င်းတို့ လွတ်မြောက်ရေး ULA/AA က ၃ လကြာ ညှိနှိုင်းနေသော်လည်း စစ်ကောင်စီက လွှတ်ပေးခြင်းမရှိသေးဟု ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောသည်။

“ဖမ်းခံရတဲ့ အပြစ်မဲ့ပြည်သူတွေလွတ်မြောက်ဖို့အတွက် ကျနော်တို့ အဆင့်ဆင့် ညှိနှိုင်းဆောင်ရွက်နေပါတယ်။ ဒါပေမယ့် အခုချိန်ထိ အဲဒီအရပ်သားတွေကို ပြန်လွှတ်ပေးတာ မရှိသေးပါဘူး။ အမှန်က ဒီနှစ်ဆန်းပိုင်းမှာ ပြီးပြတ်နေရမယ့်ကိစ္စ ဖြစ်ပါတယ်”ဟု ပြောသည်

ULA/AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်တွင် ပြုလုပ်သည့်  ULA/AA ၏ ၇ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ဖမ်းဆီးခံထားရသည့် ရခိုင်အရပ်သားများနှင့် ပတ်သက် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများပြန်လည်လွတ်မြောက်ရေးအတွက် စစ်ကောင်စီတပ်နှင့် AA တို့ ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်တွင် နားလည်မှုဖြင့် နှစ်ဘက်အပစ်ရပ်စဲပြီးနောက်ပိုင်းမှစတင်ကာ ULA/AA ဘက်က စစ်ကောင်စီတပ်နှင့် ယခုကဲ့သို့ ညှိနှိုင်းဆောင်ရွက်နေခြင်းဖြစ်သည်။

သို့ရာတွင် ၃ လတာကြာမြင့်လာသော်လည်း ဖမ်းဆီးခံရသူများ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဟု သိရသည်။

ပြီးခဲ့သည့်နှစ်က AA နှင့် စစ်ကောင်စီတပ်တို့ဖြစ်ပွားခဲ့သည့် တကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီက ရခိုင်မြို့နယ်အသီးသီးမှ အပြစ်မဲ့အရပ်သားပြည်သူ ၅၉၄ ဦးကို ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

ယင်းအနက် ၃၉၁ ဦးသာ ပြန်လွတ်မြောက်လာပြီး ၂၀၃ ဦးမှာ စစ်ကောင်စီ၏အချုပ်ခန်းနှင့် အကျဉ်းထောင်များအတွင်း ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်ကြောင်း ဦးခိုင်သုခက ပြောဆိုသည်။

"အဲဒီအထဲက ပြည်သူတချို့ကို မြန်မာစစ်တပ်ကစီရင်ချက်ချပြီး အကြောင်းအမျိုးမျိုးပြပြီးတော့ တချို့ကို ရုံးချိန်းအကြိမ်ကြိမ်ဆွဲပြီး မတရားချုပ်နှောင်ထားပြီးတော့ တချို့ကို ပုဒ်မတွေထပ်တိုးပြီး တရားစွဲထားတာရှိပါတယ်" ဟု ပြောသည်။

ရခိုင်ပြည်တွင်း AA နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့သည် ဂျပန်အစိုးရ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ၏ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုကြောင့် ပြီးခဲ့သည့်နှစ်၊ နိုဝင်ဘာလ ၂၆ ရက်မှစတင်ကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအရ ယာယီအပစ်အခတ်ရပ်နားထားခဲ့ခြင်းဖြစ်သည်။

တဘက်တွင်လည်း အာဏာသိမ်းစစ်ကောင်စီအနေဖြင့်အပစ်အခတ်ရပ်နားထားစဉ်ကနေ ယနေ့အချိန်ထိ မြို့နယ်အသီးသီးမှ ၄င်း၏ အထိုင်တပ်စခန်းများသို့လက်နက်၊ စစ်သည်၊ ရိက္ခာများကို နေ့စဉ်ရက်ဆက်ဖြည့်တင်းနေကြောင်း ရခိုင်ဒေသခံများက ပြောဆိုကြသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...