ခင်ဦး NLD အမတ်၏ဇနီးနှင့်သမီး ဖမ်းဆီးခံရ

ခင်ဦး NLD အမတ်၏ဇနီးနှင့်သမီး ဖမ်းဆီးခံရ

ခင်ဦးမြို့က NLD အမတ် ဒေါက်တာ၀င်းအောင်၏ဇနီးနှင့်သမီးတို့ကို၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က၊ စစ်ကောင်စီကလာရောက်ဖမ်းဆီးသွာကြောင်း၊ ၎င်းတို့နှင့်နီးစပ်သည့်အသိုက်အ၀န်းထံကတစ်ဆင့်သိရ သည်။

"ဆရာ့အမျိုးသမီးနဲ့ သမီးအကြီးမကြီးကို၊ စကစတွေကအဲဒီနေ့ညနေပိုင်းက အိမ်မှာ လာဖမ်းသွားတယ်၊ နှစ်ယောက်စလုံးက ခံ၀န်နဲ့နေနေသူတွေပါ၊ ဖမ်းသွားတာက တစ်ရက်ကျော်ကြာသွားပြီ၊ ခုထိ ဘာလို့ဖမ်းလဲ ဘယ်မှာထားထားလဲ မသိရေသးဘူး၊ ဆရာ့သမီးအငယ်နဲ့ဆရာ့သမက်က တမြန်နေ့ကဆုံးထားတယ်" ဟု နီးစပ်သူတစ်ဦးကပြော သည်။

ဒေါက်တာ၀င်းအောင်၏ဇနီးဒေါ်နီလာနှင့်သမီးအကြီးဖြစ်သူမအိနန္ဒာအောင်တို့ကို၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညနေ ၅ နာရီ၀န်းကျင်ခန့်တွင်၊ စစ်ကောင်စီတပ်ဖွဲ့က ခင်ဦးမြို့ အောင်ချမ်းသာရပ်ကွက်မှနေအိမ်တွင်၀င်ရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။

မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းမသိရသေးသော်လည်း၊ ထိုနေ့မတိုင်ခင်တစ်ရက်က၊ ရေဦးမြို့တွင်ဖြစ်ပွားခဲ့သည့်ပေါက်ကွဲမှုဖြစ်စဥ်တစ်ခုနှင့်ပတ်သက်နိုင်ကြောင်း နီးစပ်သူတချို့ကသုံးသပ်သည်။

ရေဦးမြို့တွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က၊ ယမ်းကျိုနေရင်းမတော်တဆပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ၊ ဒေါက်တာဝင်းအောင်၏သမီးအငယ်ဖြစ်သူနှင့်ခင်ပွန်းတို့ သေဆုံးခဲ့သည်။

ဒေါက်တာ၀င်းအောင်သည် ၂၀၁၅ နှင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ နှစ်ကြိမ်စလုံး ခင်ဦးမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်ရွေးကောက်တင်မြှောက်ခံရသူဖြစ်ပြီး ယခုအခါတွင် လွတ်မြောက်နယ်မြေရောက်ရှိနေကြောင်းသိရသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(Assistance Association for Political Prisoners-AAPP)၏ ဖေဖော်ဝါရီ ၂၄ ရက်ထုတ်ပြန်သတင်းအရ ၊ ၂၀၂၁ ခုနှစ်စစ်အာဏာ သိမ်းချိန်မှ၊ ၂၀၂၃ ခုနှစ်ဖေဖော်ဝါရီလ ၂၄ ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်ခံထား ရသူစုစုပေါင်း ၁၆၀၀၅ ဦးရှိပြီး၊ ၎င်းတို့အနက်မှ ၄၅၆၀ ဦး ထောင်ဒဏ်ချမှတ်ခံထားရကြောင်းသိရသည်။

July 4, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ ဇီးကုန်းရွာရှိ အရပ်သားဈေးဆိုင်တစ်ဆိုင်ကို စစ်တပ်က ယမန်နေ့ (ဇူလိုင်လ...
ဓာတ်ပုံ - ပေါက်မြို့နယ်၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဌာန
July 3, 2026
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်းသို့ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းကြောင့်...
July 3, 2026
ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်နှင့် သာကေတမြို့နယ်အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း...
July 2, 2026
ဟန်ထူးဇော် — ကရင်ပြည်နယ် ဘားအံမြို့နှင့် မြဝတီမြို့ အဝေးပြေးကားလမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေသော...