တနင်္သာရီမြို့နယ်မှာ စစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် စာသင်ကျောင်းနဲ့ နေအိမ်တွေထိခိုက်ပျက်စီးခဲ့

တနင်္သာရီမြို့နယ်မှာ စစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် စာသင်ကျောင်းနဲ့ နေအိမ်တွေထိခိုက်ပျက်စီးခဲ့

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာထဲကို စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ် မှုကြောင့် စာသင်ကျောင်းအပါအဝင် နေအိမ် ၅ လုံး ထက်မနည်းထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေ သကာကွယ်ရေး တပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ မြိတ်ဘက်ကနေ တနင်္သာရီမြို့နယ်ထဲက ရိက္ခာလာပို့တဲ့ စစ်ကောင်စီယာဉ်တန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီအခြေ စိုက်တပ်ရင်းကနေ လက်နက်ကြီးနဲ့ ပစ်ကူပေးခဲ့တာပါ။

စစ်ကောင်စီတပ်က ပစ်ကူပေးလိုက်တဲ့ လက်နက်ကြီးကျည်ဟာ ဘန်လောကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ တာကြောင့် ကျေးရွာအလယ်တန်းကျောင်းတစ်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဟာ ပစ်ခတ်မှုပြီးနောက် ကျေးရွာအတွင်းဝင်ရောက်လာပြီး ဒေသခံ နေအိမ်တွေက တန်ဖိုးရှိပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ ဘန်လောကျေးရွာရှိ အလယ်တန်းကျောင်းဟာ ကျောင်းသားကျောင်းသူ ၂၀၀ ကျော် တက်ရောက်သင်ကြားနေတဲ့ စာသင်ကျောင်း တစ်ကျောင်းဖြစ်ပေမယ့် စစ်တပ်အာဏာသိမ်းပြီးပြီးနောက် ကျောင်းတက်သူမရှိလို့ ပိတ်ထားရတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ရဲ့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုနဲ့အတူ စစ်ကောင်စီတပ်ဘက် က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်သွားတဲ့ ဒေသခံတွေဟာ ဖေဖော်ဝါ ရီ ၂၀ ရက်နေ့မှာ ကျေးရွာအတွင်း ပြန်လည်နေထိုင်နေကြပြီလို့ သိရပါတယ်။

ပြီခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာ၊ ဗောဓိကမ်းမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် လက်နက်ကြီးထိမှန်တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးတာရှိသလို နေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးထားပါတယ်။

July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...
July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...
July 9, 2026
နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် လက်ရှိတွင်...
 ဓါတ်ပုံ - MOI
July 8, 2026
နိုင်ငံရေးပါတီများကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပြည်ထောင်စု...