နွေကျောင်းပိတ်ရက်မှာ ကျောင်းအခြေပြုသင်တန်းတွေ မဖြစ်မနေဖွင့်ဖို့ စစ်ကောင်စီညွှန်ကြား

နွေကျောင်းပိတ်ရက်မှာ ကျောင်းအခြေပြုသင်တန်းတွေ မဖြစ်မနေဖွင့်ဖို့ စစ်ကောင်စီညွှန်ကြား

၂၀၂၃ခုနှစ် နွေရာသီကျောင်းပိတ်ရက်တွေအတွင်း အခြေခံပညာကျောင်းတွေမှာ ကျောင်းအခြေပြု သင်တန်းတစ်ခု မဖြစ်မနေဖွင့်လှစ်ဖို့ စစ်ကောင်စီက ဖေဖော်ဝါရီဒုတိယအပတ်အတွင်း ညွှန်ကြားလာတာ ဖြစ်ပါတယ်။

စစ်ကောင်စီ လက်အောက်ခံ အခြေခံပညာဦးစီးဌာနကနေ စာသင်ကျောင်းတွေမှာ လာမယ့်နွေကျောင်း ပိတ်ရက် မတ်လအတွင်းမှာ သင်တန်းတစ်ခုခုကို မဖွင့်မနေရဖွင့်လှစ်ဖို့ ညွှန်ကြားလာတာပါ။

စစ်ကောင်စီရဲ့ ညွှန်ကြားချက်မှာ တိကျသေချာတဲ့ သင်ရိုးသတ်မှတ်ချက်မပါရှိဘဲ ဒေသအခြေအနေတွေအရ သင်တန်းတွေဖွင့်ရာမှာ ယဉ်ကျေးလိမ္မာသင်တန်း၊ ကြက်ခြေနီသင်တန်း၊ အားကစားသင်တန်း၊ ပန်းချီသင်တန်း၊ ကွန်ပျူတာသင်တန်းစသဖြင့် သင့်လျော်တဲ့သင်တန်းတစ်ခုခုကို ဖွင့်လှစ်ပို့ချရမယ်လို့ ဆိုပါတယ်။

နွေရာသီသင်တန်းတွေကို ၂၀၂၃ ခုနှစ် နွေရာသီ အခြေခံပညာ ကျောင်းပိတ်ရက်ကာလ မတ်လအတွင်း ဆောင်ရွက်ရမှာဖြစ်ပြီးသင်တန်းကာလကို မိမိတို့ကျောင်းအလိုက် သင့်တော်တဲ့အချိန်အတွင်း သတ် မှတ်ဖွင့်လှစ်နိုင်တယ်လို့ ဆိုထားပါတယ်။

စာသင်ကျောင်းတွေမှာ နွေရာသီကျောင်းပိတ်ရက်အတွင်း သင်တန်းတွေဖွင့်ခိုင်းတာဟာ ကလေးငယ်တွေကို နိုင်ငံရေးအရအသုံးချရုံ သက်သက်သာဖြစ်တယ်လို့ CDMဆရာမတွေနဲ့ ကျောင်းသားမိဘတွေက ဝေဖန်တာပါ။

ကျောင်းသားမိဘတစ်ဦးကလည်း လုံခြုံရေးစိတ်မချရတဲ့အချိန်မှာ မိမိတို့ကလေးငယ်တွေကို ရင်တမမနဲ့ သင်တန်းတက်ခိုင်းဖို့က မလွယ်ကူလှဘူးလို့ ဆိုပါတယ်။

ကျောင်းအခြေပြုသင်တန်းတွေကို အရင်နှစ်တွေက ကျောင်းအလိုက် ပြုလုပ်လေ့ရှိကြပေမယ့် နှစ်စဉ်အချိန်မှန် ပြုလုပ်လေ့ရှိတာမဟုတ်ဘဲ ကျောင်းရဲ့ ကိုယ်ပိုင်အစီစဉ်နဲ့သာ သင်တန်းတွေဖွင့်လှစ်ကြရတာကြောင့် သင်တန်းမဖွင့်တဲ့ ကျောင်းတွေလည်း ရှိခဲ့ပါတယ်။

ဒီနှစ်မှာတော့ ကျောင်းတိုင်းကို မဖြစ်မနေဖွင့်လှစ်ဖို့ စစ်ကောင်စီက ညွှန်ကြားလာတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - CJ
September 16, 2026
မွန်ပြည်တွင် စစ်အုပ်စုက ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများကို စက်သုံးဆီ မရောင်းပေးသည့်အပြင်...
သရက်ခရိုင် အမှတ် ၄ တပ်ရင်း
September 15, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၌ စစ်အုပ်စုတပ်က လေကြောင်းမှ အကြောင်းမဲ့ လာရောက်တိုက်ခိုက်ခဲ့သဖြင့်...
ဓာတ်ပုံ - Crd / (ပုံစာ - ကျိုက်မရော ဗဟိုအကျဉ်းထောင်အား တွေ့ရစဉ်။)
September 12, 2026
မွန်ပြည်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် အခုရက်ပိုင်းအတွင်း ဆေးဝါးကုသခွင့် မရရှိသည့်အတွက် သွေး...
ဓာတ်ပုံ – MPU
September 11, 2026
အာဏာသိမ်းမှုကို အရင်းခံ၍ စစ်အုပ်စုတပ် ဦးဆောင်ကျင်းပခဲ့သည့် အပိုင်းလိုက် ရွေးကောက်ပွဲမှ ပေါ်ပေါက်...