နောင်ချိုမြို့ တိုက်ပွဲကို စစ်ကောင်စီက လေကြောင်း နဲ့ အပြင်းအထန် ထိုးစစ်ဆင်နေ

နောင်ချိုမြို့ တိုက်ပွဲကို စစ်ကောင်စီက လေကြောင်း နဲ့ အပြင်းအထန် ထိုးစစ်ဆင်နေ

သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့သည် လေကြောင်း အကူအညီဖြင့် KIA နှင့် ပူးပေါင်း PDF တို့ကို အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သတင်းသိရသည်။

ဖေဖော်ဝါရီ ၁၀ ရက် နံနက်ပိုင်း ၅ နာရီခွဲ ဝန်းကျင်တွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့က လေကြောင်း တိုက်ခိုက်မှု အကူအညီဖြင့် နောင်ချိုမြို့နယ် ခေးနင်း (ဒိုးပင်) ကျေးရွာ အုပ်စု၊ လုံခန်ရွာအနီးရှိ KIA နှင့် ပူးပေါင်း PDF တို့ကို လက်နက်ကြီးများ နှင့် အတူ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တိုက်ပွဲဖြစ်တဲ့ နေရာက နောင်ချိုမြို့နဲ့ ဆိုရင် ၅ မိုင်လောက်ပဲ ကွာဝေးတယ်၊ စစ်တပ်က တိုက်လေယာဥ် ၃ စီး နဲ့ ဗုံးတွေ ကြဲချတယ်၊ ပြီးတော့ လက်နက်ကြီးနဲ့လည်း လှမ်းပစ်နေတာ အဆက်မပြတ်ပဲ၊ လုံခန်ရွာက ဘုန်းကြီးကျောင်း ဆွမ်းစားဆောင် ထိပြီး ပျက်စီးသွားတယ်၊ လေယာဥ်နဲ့ ဗုံးကြဲချတာ အလုံး ၃၀ ထက်မနည်းတော့ဘူး” ဟု ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့တို့ လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်မှု၊ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုတို့ကြောင့်လုံခန်ရွာ ဘုန်းကြီးကျောင်း ဆွမ်းစားဆောင် ပျက်စီးရသည့်အပြင် ရွာသားများကလည်း ခေးနင်း (ဒိုးပင်) ကျေးရွာရှိ ဘုန်းကြီးကျောင်းသို့ စစ်ရှောင်နေရကြောင်းလည်း ၎င်းက ဆက်ပြောသည်။

လက်ရှိအချိန်ထိ မြေပြင် စစ်ရေးတင်းမာမှုများရှိကြောင်း သိရပြီး ဒေသအတွင်း ထိခိုက်ပျက်စီးမှု နှင့် လူသူ ထိခိုက်မှု အသေးစိတ်များကို သျှမ်းသံတော်ဆင့်မှ ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

“အခု စစ်ရှောင်ဦးရေ စုစုပေါင်းက ဘယ်လောက်ရှိနေလဲတော့ မသိရသေးဘူး၊ ဒါပေမယ့် နှစ်ဖက် စစ်ရေးကတော့ တင်းမာနေတုန်းပဲ၊ စစ်ကောင်စီဘက်က လက်နက်ကြီးတွေလည်း လှမ်းပစ်နေတုန်းပဲ” ဟု အထက်ပါ ဒေသခံ အမျိုးသားက ဆက်ပြောသည်။

တိုက်ပွဲအတွင်းတွင် စစ်ကောင်စီ တပ်ဖွဲ့အင်အားသည် ၂၀၀ ထက် မနည်းရှိနေမည်ဟု ယူဆပြီး ဒေသခံပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့အနေဖြင့် စစ်အင်အား ၅၀၀ ထက်မနည်း ရှိနေသည်ဟု ယူဆကြောင်း ဒေသခံများက ဆက်ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ်လ အတွင်းမှာလည်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ခေးနင်းရွာ (ဒိုးပင်ရွာ)၊ ဟိုခိုရွာ နှင့် ကုလားကွဲရွာတို့က ဒေသခံ ၁,၀၀၀ ကျော် စစ်ရှောင်ထွက်ပြေးခဲ့ရသည်။

အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စပြီး ဒီဇင်ဘာ (၃၁) ရက်နေ့ထိ တစ်နှစ်ကြာ အပစ်ရပ် ကြေညာထားသော်လည်း တကယ်တမ်း စစ်မြေပြင်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...
ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...