ရခိုင်ဓလေ့စရိုက်များအကြောင်း အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသည့်"A Little Boy On Ramree Island" စာအုပ်ထွက်ရှိလာ

ရခိုင်ဓလေ့စရိုက်များအကြောင်း အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသည့်"A Little Boy On Ramree Island" စာအုပ်ထွက်ရှိလာ

ရခိုင်ဓလေ့စရိုက်များအကြောင်း အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားထုတ်ဝေသည့် “ရမ်းဗြဲကျွန်းပေါ်မှ လူကလေး” အမည်ရှိ "A Little Boy On Ramree Island" စာအုပ်ထွက်ရှိလာပြီး ဝယ်ယူ ဖတ်ရှုသူများနေကြောင်း သတင်းရရှိသည်။

အဆိုပါစာအုပ်ကို စာရေးဆရာအောင်ဇေမင်း နှင့် ဇနီးဂျေးလ်မင်း (Jill Brock Mong) တို့က ပူးပေါင်း ရေးသားထားခြင်းဖြစ်သည်။ 

၎င်းစာအုပ်သည် (၁၉၈၀) ခုနှစ်နောက်ပိုင်း  ရမ်းဗြဲကျွန်း၏ လူနေမှုဘဝ၊ တောလက်ကျေးရွာ သဘာဝကိုအခြေခံကာ ရခိုင်ဒေသ၏ ဓလေ့စရိုက်များကို ဖော်ကျူးရေးသားထားခြင်းဖြစ်ကြောင်း သိရသည်။ 

စာအုပ်ကို ရေးသားသူ စာရေးဆရာ အောင်ဇေမင်းက "အဓိက ဒီစာအုပ်ကို ရေးရတဲ့အကြောင်းရင်းက နောင်လာနောက်သားသမီးတွေကို ဒီလိုတည်ရှိခဲ့တယ်ဆိုတာကို တစ်ကမ္ဘာလုံးက စိတ်ဝင်စားတဲ့ လူတွေလည်း ဖတ်လို့သိလို့ရနိုင်တာပေါ့လေ။ ရခိုင်ပြည်က နိုင်ငံတကာ ရောက်နေကြတဲ့ မျိုးဆက်သစ်တွေ သို့မဟုတ် နောက်မျိုးဆက်တွေလည်း ဒီလိုရှိခဲ့တယ်ဆိုတာကို သိအောင်ပေါ့လေ။ ဒီစာအုပ်ကို The Best Sellers ဖြစ်ဖို့၊ အောင်မြင်ဖို့ဆိုတာထက် ကျနော်နဲ့ ကျနော့ဇနီးရည်ရွယ်ချက်က ဒီစာအုပ်ဟာ အနာဂတ်မှာ ရမ်းဗြဲကျွန်းက လေးတောင်ရွာမှာ ဒီလိုရှိခဲ့တယ်ဆိုတာကို မှတ်တမ်းအနေနဲ့ ရှိခဲ့စေချင်တာပါ" ဟု ပြောသည်။ 

အဆိုပါ စာအုပ်တွင် စာမျက်နှာအားဖြင့် (၃၈၅)မျက်နှာ၊ အခန်း (၃၄)ခန်းပါဝင်ပြီး အမေရိကန် Amazon KDP Books Store မှာ ဖေဖော်ဝါရီ (၆)ရက်နေ့က Live စတင်ဖြန့်ချိခဲ့ကြောင်း သိရသည်။ 

စျေးနှုန်းအနေနှင့် E-book ကို ($6.99) ၊  ရိုးရိုးစာအုပ်ကို ($12.99)၊ စာအုပ်ဖုံးအထူစာအုပ်ပုံစံအား ($19.99) တို့ဖြင့် အသီးသီးဝယ်ယူဖတ်ရှုနိုင်သည်ဟု သိရသည်။ 

လက်ရှိမှာ “ရမ်းဗြဲကျွန်းပေါ်မှ လူကလေး”  "A Little Boy on Ramree Island” စာအုပ်သည် Best sellers စာအုပ်များထဲမှတစ်အုပ်ဖြစ်နေပြီး Amazon  Sale Rank အဆင့် (New Released Teens and Young Adult Adventure and Adventures ebook) တွင် နံပါတ်(၁)ရောင်းအားအကောင်းဆုံးဖြစ်ပြီး 

Best sellers စာအုပ်တစ်ရာတွင် နံပါတ် (၆)နေရာတွင်ရှိနေသလို (Teen and Adult Biography eBooks)စာရင်းတွင် နံပါတ်(၉၅)နေရာတွင်ရှိနေသည်ဟု သိရသည်။ 

"A Little Boy on Ramree Island” စာအုပ် ကို Amazon အသုံးပြုနိုင်သည့်နိုင်ငံများတွင် မှာယူဖတ်ရှုနိုင်ပြီး မြန်မာနိုင်ငံတွင်လည်း ထုတ်ဝေ ဖြန့်ချီနိုင်ရန်စီစဉ်နေသည်ဟု စာရေးဆရာအောင်ဇေမင်းက ပြောသည်။

"အဲ့ဒီမှာလည်း စာအုပ်ထုတ်ဖို့တော့အစီစဉ်ရှိပါတယ်။ ဒါပေမယ့် နိုင်ငံရေးအခြေနေအရ ဘယ်လို ဖြစ်လာမလဲတော့ မသိသေးဘူး။ နောက်တော့ စီစဉ်သွားမှာပါ။" 

စာရေးဆရာ အောင်ဇေမင်းမှာ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့ဇာတိဖြစ်ပြီး ၂၀၁၀ ခုနှစ်က အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းဝိုးပြည်နယ်မှာ ပြောင်းရွှေ့နေထိုင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...
April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...
April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...