လောင်းလုံးတွင် စစ်ကောင်စီတပ်ထုတ်ကုန်ကင်းစင်ရေးလှုပ်ရှားမှု ထပ်မံပြုလုပ်

လောင်းလုံးတွင် စစ်ကောင်စီတပ်ထုတ်ကုန်ကင်းစင်ရေးလှုပ်ရှားမှု ထပ်မံပြုလုပ်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာငါးရွာတွင် ယနေ့ ဖေဖော်ဝါရီ လ ၉ ရက်နေ့ နံနက်ပိုင်းက ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ၊ စည်းရုံးလှုံ့ ဆော်ရေးဆပ်ကော်မတီမှဦးဆောင်၍ စစ်ကောင်စီတပ်ထုတ်ကုန်ပစ္စည်းမျာမသုံးစွဲရေး ကျေးရွာအတွင်း ဓါတ်တိုင်များနှင့် လူစည်ကားသည့်နေရာများတွင် လိုက်လံကြေညာပြီး စစ်ကောင်စီတပ်ထုတ်ကုန် ကင်းစင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ထုတ်ကုန်များကို လက်ရှိတွင် လောင်းလုံးမြို့နယ်အတွင်း ဆက်လက်သုံးစွဲခြင်း ရှိနေ၍ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးအတွက် စစ်တပ်/စစ်အုပ်စု၏ အခြေခံ စီးပွားရေးအရင်းအမြစ် နှင့်ထောက်တိုင်များအား ဖြိုချနိုင်ရေးလှုပ်ရှားမှုသည် အရေးကြီးသည့် တော်လှန်ရေးလှုပ်ရှားမှုတရပ်ဖြစ် ၍ ပြုလုပ်ရခြင်းဖြစ်သည်ဟု ဦးဆောင်သူက ပြောဆိုသည်။

ယင်းသို့ ပြုလုပ်ရခြင်းမှာ ကျေးရွာအချို့တွင် စစ်တပ်ထုတ်ကုန်များ ရောင်းချခြင်း/ဝယ်ယူသုံးစွဲခြင်းများ ရှိနေ‌သေးသည့်အတွက် ပြည်သူလူထုကြား အသိပညာပေး စည်းရုံးရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ စစ်ကောင်စီတပ်ထုတ်ကုန်များမသုံးစွဲရေးလှုပ်ရှားမှုကို စည်းရုံးလှုံ့ဆော်ရေး ဆပ်ကော်မတီအနေ ဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ကျေးရွာပေါင်း ၁၇ ရွာနှင့် ဈေးပေါင်း ၁၀ ဈေးသို့ သွားရောက်၍ ရောင်း ချခြင်း/ဝယ်ယူသုံးစွဲခြင်းမပြုကြရန် လူထုစည်းရုံးရေး အသိပညာပေးလှုပ်ရှားမှုများပြုလုပ်ခဲ့ပြီးဖြစ်သည်။

July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...
July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...