မိုးဗြဲမြို့ တိုက်ပွဲမှာ စစ်ကောင်စီပစ်ခတ်တဲ့လက်နက်ကြီး စစ်ကောင်စီတပ်စွဲနေရာ ပြန်ကျတဲ့အတွက် အနည်းဆုံး ၅ဦးသေဆုံး

မိုးဗြဲမြို့ တိုက်ပွဲမှာ စစ်ကောင်စီပစ်ခတ်တဲ့လက်နက်ကြီး စစ်ကောင်စီတပ်စွဲနေရာ ပြန်ကျတဲ့အတွက် အနည်းဆုံး ၅ဦးသေဆုံး

ယမန်နေ့ (ဖေဖော်ဝါရီ ၈ရက်နေ့) က မိုးဗြဲ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖက် လက်နက်ကြီး ပစ်ကူရာမှာ တာဝေးပစ်လက်နက်ကြီး ၃လုံး စစ်ကောင်စီတပ်စွဲတဲ့ စက်တော်ရာတောင်ပေါ်ကို ပြန်ကျတဲ့အတွက် စစ်ကောင်စီအနည်းဆုံး ၅ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။

မိုးဗြဲအခြေစိုက် ခမရ (၄၂၂) တပ်၊ ဝှါရီဆူးပလိုင်မှာ တပ်စွဲထားတဲ့ စကစတပ်နဲ့ ဖယ်ခုံစစ်ကောင်စီတပ်တို့က လက်နက်ကြီး ပစ်ကူခဲ့တာဖြစ်ပါတယ်။ တင့်ကား (၁)စီးအပြင် အင်အားအမြောက်အများ ဖြည့်တင်းနေတဲ့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတပ်တို့ မနက်၉နာရီကနေ ညနေ ၄နာရီခွဲအထိ မိုးဗြဲမြို့မှာ တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပါတယ်။

ပူးပေါင်းတပ်ဖွဲ့ဖက် ထိခိုက်မှုမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ စစ်ရေးအခြေအနေ တင်းမာလျက်ရှိနေဆဲဖြစ်တဲ့အတွက် တိုက်ပွဲဖြစ်ပွားတဲ့ အနီးတစ်ဝိုက်သွားလာခြင်း နေရပ်ပြန်ခြင်း မပြုလုပ်ကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားတာရှိပါတယ်။

မိုးဗြဲမြို့ကို အင်အားအလုံးအရင်း ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်က လက်ရှိမှာ လှုပ်ရှားမှု ရှိနေဆဲဖြစ်တဲ့အတွက် မိုးဗြဲ-ပီကင်းလမ်းကို ဖေဖော်ဝါရီ ၇ရက်နေ့ကစ ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားတယ်လို့ မိုးဗြဲ PDF က ထုတ်ပြန်ထားပါတယ်။

Most read this week

ဓာတ်ပုံ - Crd
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
ဓာတ်ပုံ - Kantarawaddy Times
September 18, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင် စက်တင်ဘာလ ပထမပတ်မှစ၍ စစ်အုပ်စုတပ်၏ တိုက်...
ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...