ကွတ်ခိုင်မြို့နယ်တွင်း စစ်ဆေးရေးဂိတ်များတွင် ကားသမားများကို ငွေပိုပြီး တောင်းခံနေ

ကွတ်ခိုင်မြို့နယ်တွင်း စစ်ဆေးရေးဂိတ်များတွင် ကားသမားများကို ငွေပိုပြီး တောင်းခံနေ

သျှမ်းပြည် မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် နှင့် သီန္နီမြို့နယ်ထဲရှိ စစ်ဆေးရေးဂိတ်များတွင် ကားသမားများထံ ပိုက်ဆံပိုပြီး ကောက်ခံနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ယခု ၂၀၂၃ ခုနှစ် ဇန်နဝါရီ ပထမပတ် ကစပြီး စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီဂိတ်အပြင် ကချင်လွတ်မြောက်ရေးတပ်မတော် KIA , PDF တို့ကလည်း လမ်းသွားလာပြည်သူများကို ယခင်နှစ်ထက် ငွေပိုပြီး ကောက်ခံနေလျက်ရှိကြောင်း သိရသည်။

“ကျနော်တို့ ကွတ်ခိုင်ကနေ သီန္နီကို သွားတာ စစ်ကောင်စီ ဂိတ်ကောရှိတယ်။ တအာင်းတွေလည်း စစ်ဆေးနေတာရှိတယ်။ ပြီးတော့ KIA , PDF တွေလည်း စစ်ဆေးနေတာရှိတယ်။ သူတို့တွေက ပုံမှန်စောင့်ပြီး စစ်ဆေးနေကြတာတော့ မဟုတ်ဘူး။ တစ်ခါတစ်လေ စောင့် စစ်ဆေးနေပြီး ငွေကောက်ခံနေတာ ဖြစ်တယ်” ဟု ကွတ်ခိုင် – သီန္နီလမ်းကို ပုံမှန်သွားလာနေသည့် အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ စစ်ဆေးရေးဂိတ်များသည် ကားတစ်စီးလျှင် ၅,၀၀၀ ကျပ်မှ ၁ သောင်း အထိ ကောက်ခံနေလျက်ရှိ ကြောင်း သိရသည်။

လက်ရှိ နိုင်ငံရေး အခြေအနေ မကောင်းသော်လည်း ဝမ်းရေးအတွက် ပြည်သူများက ခရီးသွားလာနေရပြီး တစ်ဖက်မှာလည်း စီးပွားရေး မကောင်း ချိန်ဖြစ်သည့်အတွက် ငွေပိုကောက်သည့် အပေါ် အဆင်မပြေမှု ဖြစ်နေကြောင်း ဒေသခံများက ပြောသည်။

” အခုကလည်း ခရီးပြန်သွားလာနေတဲ့ အချိန်ဖြစ်တယ်လေ။ သူတို့ ပိုက်ဆံတွေ ကောက်နေတော့ ကျနော်တို့ အမြတ်တွေ သိပ်မကျန်ဘူးပေါ့။ ပိုက်ဆံပဲ ကောက်တာပါ။ ဘာမှတော့ လုပ်တာမရှိဘူး။ ကားကြီးတော့ ဘယ်လောက်ကောက်လဲ မသိဘူး။ ကားသေးလောက်ပဲဆိုရင် ၁ သောင်းလောက်ထိ ကောက်တယ်။ အရင်တုန်းကဆိုရင် ၅ ထောင်လောက်ပဲ ပေးရတာ။ အခုက ပိုပြီးပေးရတာပေါ့” ဟု ကားသမားတစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် သျှမ်းပြည်အတွင်း စစ်ကောင်စီ အပြင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များလည်း ခရီးသွားလာပြည်သူများကို အခွန်ပိုကောက်ယူနေလျက်ရှိကြောင်း သိရသည်။

ထို့အပြင် သီန္နီမြို့ နှင့် ကွတ်ခိုင် လမ်းသွားလာနေရသည့် ပြည်သူများသည်လည်း လုံခြုံမှု မရှိကြောင်း ဒေသခံများက ပြောသည်။

ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...
ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...