ကျုံဒိုး စစ်ရှောင်များ နေရပ်မပြန်ရဲသေး

ကျုံဒိုး စစ်ရှောင်များ နေရပ်မပြန်ရဲသေး

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အနီး တိုက်ပွဲကြောင့် ရွာလုံးကျွတ်နီးပါး ထွက်ပြေး တိမ်းရှောင်နေရသည့်ဒေသခံများ တိုက်ပွဲထပ်ဖြစ်လာမည်ကို စိုးရိမ်သည့်အတွက် နေရပ်မပြန်ရဲကြ သေး ဟု ပြောသည်။

ကျုံဒိုးမြို့အနီး ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် ဇန္နဝါရီလ ၂၃ ရက်နေ့က ကျေးရွာအတွင်းတပ်စွဲထားသည့် ကရင်ပူးပေါင်း အဖွဲ့ နှင့် ကျေးရွာအနီးသို့ ချဥ်းကပ်လာသည့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ် သည်။

ထွက်ပြေးတိမ်းရှောင်နေရသူတွေကို ကူညီပေးနေသည့် ဒေသခံတစ်ဦးက “အခုကတိုက်ပွဲမရှိတော့ပေမယ့် လူ က ထိတ်လန့်ပြီး အိမ်ပြန်ရဲကြဘူးဖြစ်နေတယ်။ တစ်ခါမှလည်းမကြုံဖူးဘူး။ လက်ရှိက ငြိမ်နေပေမယ့် ပြန် ဖြစ်မှာ ကြောက်တယ်။ ပြန်တဲ့လူတချို့တော့ ရှိတယ်။

သူတို့လည်း အိမ်ထဲကနေ အိမ်ပြင် မထွက်ရဲဘူး။ ကြောက်နေကြတယ်” ဟု ပြောသည်။

ကမ်းနီကျေးရွာနှင့် အနီးတဝိုက်တွင် ဇန္နဝါရီလ ၂၃ ရက်နေ့ကစပြီး ကမ်းနီးကျေးရွာအတွင်း တပ်စွဲထားသည့် ကရင်ပူးပေါင်းအဖွဲ့နှင့် ကျေးရွာအနီးသို့ ချဥ်းကပ်လာသည့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲ စတင် ဖြစ်ပွားခဲ့သည်။

တိုက်ပွဲကြောင့် ကမ်းနီကျေးရွာနှင့် အနီးနားရှိ သရက်တော၊ တံတာဦး၊ ကော့ကျိုက်၊ မိဂလုံ၊ ကော့ကာ၊ညောင် ရိပ်သာ၊ ကော့ခိုက် အစရှိသည့် ကျေးရွာ ၁၀ ရွာထက် မနည်းမှ ဒေသခံ သောင်းနှင့်ချီဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။

ထွက်ပြေး တိမ်းရှောင်နေရသူများသည် နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင် နေနေကြသည်များရှိနေသည့် အပြင် အချို့ကလည်း အသိဆွေမျိုးများရှိသည့် မော်လမြိုင်၊ ဘားအံ၊ ဇာသပြင်ဘက်သို့တိမ်းရှောင်နေသည် လည်း ရှိနေသည်။

တိုက်ပွဲဖြစ်စဥ်အတွင်း ကရင်ပူးပေါင်းတပ်ဖွဲ့များက မီးရှို့ခဲ့ရာမှ ကမ်းနီကျေးရွာတွင် နေအိမ် ၂၁ လုံးမီးလောင် ကျွမ်းပျက်စီးသွားခဲ့ပြီး နှစ်ဖက်တိုက်ပွဲများကြောင့် ညောင်ရိပ်သာကျေးရွာက နေအိမ် ၁၈ လုံးမီးလောင်ခဲ့ ပျက်စီးသွားခဲ့သည် ဟု မွန်ပြည်သစ်ပါတီ သထုံခရိုင်က ထုတ်ပြန်ထားချက်အရ သိရသည်။

ထို့အပြင် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် ကမ်းနီတွင်နေအိမ် ၃ လုံး၊ ညောင်ရိပ်သာကျေးရွာတွင် နေအိမ် ၁ လုံး၊ သရက်တောကျေးရွာတွင် နေအိမ် ၇ လုံးထိခိုက်ပျက်စီးခဲ့သည်။

တိုက်ပွဲကြောင့် ကမ်းနီရွာသားတစ်ဦးနှင့် သရက်တော ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည် ဟုထုတ်ပြန် ထားသည်။

မွန်ပြည်သစ်ပါတီ အနေဖြင့် ကမ်းနီနှင့် အနီးတဝိုက်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပတ်သက်၍လက်နက် ကိုင် တပ်များအနေဖြင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များအား လေးစားလိုက်နာ၍အများပြည်သူများ နေထိုင်သည့် ကျေးရွာ၊ လူနေရပ်ကွက်များတွင် တိုက်ပွဲများ မဖော်ဆောင်ကြရန် တိုက်တွန်းထားသည်။

ထို့အပြင် ယခုကဲ့သို့ အခြေအနေများ ထပ်မံပေါ်ပေါက်ခဲ့ပါက ဒေသတွင်းရှိ မွန်ပြည်သူလူထုတို့ အနေဖြင့်မိမိတို့ ဒေသတွင်း လုံခြုံရေး အစီအမံများအား ကြိုတင်ပြင်ဆင်ထားနိုင်ရန် အတွက် မွန်ပြည်သစ်ပါတီနှင့် ချိတ်ဆက် ဆောင်ရွက်ထားရန်လည်း မွန်ပြည်သစ်ပါတီက အသိပေး ထုတ်ပြန်ထားသည်။

တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူများ အတွက် စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေသည့် အပြင် ကျေးရွာအတွင်း ခိုးဆိုးလုယက်မှုများ မဖြစ်ပေါ်စေရန် လုံခြုံရေး အစီအမံများ ချမှတ်၍ ရွာသားများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်းလည်း မွန်ပြည်သစ်ပါတီက ထုတ်ပြန်ထားသည်။

Most read this week

December 17, 2025
လာမည့် ၂၀၂၆ ခုနှစ်တွင် မြန်မာပြည်သူ ၁၂ သန်းကျော်သည် ဆာလောင်မွတ်သိပ်မှုဒဏ်ကို ပြင်းထန်စွာ...
December 16, 2025
စစ်ကော်မရှင်က ကျင်းပရန် စီစဉ်နေသည့် အတုအယောင် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိဘဲ စစ်အာဏာ...
December 15, 2025
မွန်ပြည်တွင် စစ်ကော်မရှင်က ကျားဖြန့်ခေါင်းစဉ်ဖြင့် ရှမ်းပြည်သားများကို တည်းခိုခွင့်...
December 10, 2025
သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် ရွေးကောက်ပွဲ ဥပဒေဖြင့် သတင်းမီဒီယာနှင့် ပြည်သူများ ခြိမ်းခြောက်...