ရပ်ကွက်အုပ်ချုပ်ရေးရုံးကို ဒေသခံ တော်လှန်ရေး အင်အားစုများက တိုက်ခိုက် မီးရှို့

ရပ်ကွက်အုပ်ချုပ်ရေးရုံးကို ဒေသခံ တော်လှန်ရေး အင်အားစုများက တိုက်ခိုက် မီးရှို့

ဧရာဝတီတိုင်း၊ ဖျာပုံမြို့က အမှတ် ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဒေသခံတော်လှန်ရေး အင်အားစုက မီးရှို့ တိုက်ခိုက်ခဲ့သည်။

ဒေသခံတော်လှန်ရေး အင်အားစုများ ဖြစ်သည့် Black Joker နှင့် ဖျာပုံ PDF (PDFP) တို့ ပူးပေါင်းကာ မီးရှို့ တိုက် ခိုက်ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ဖျာပုံခရိုင်) People’s Defense Force- Pyapon District ၏ ဇန္နဝါရီလ ၂၉ ရက်နေ့ သတင်း ထုတ်ပြန်ထားသည်။

ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး လမ်းအတွင်း နေထိုင်သူတစ်ဦးက “မိုးချုပ်စလေးမှာ မီးရှို့ခံရတာရုံးအတွင်းပိုင်း က စာရွက်စာတန်းတွေ လောင်သွားတယ်။ မီးက ဟုန်းကနဲ့ စလောင်မျိုး မဟုတ်ဘူး။ ရုံးထဲက မီးခိုးတွေ ထွက် လာမှ မီးလောင်နေတာသိကြတာ။ ရပ်ကွက်ထဲက အိမ်တွေပါ မီးဆက်လောင်မှာ စိုးရိမ်သွားတယ်“ ဟု ပြော သည်။

စစ်ကောင်စီ၏ တရားမဝင် ၂၀၂၃ ရွေးကောက်ပွဲ အတွက် အခြေခံ လူဦးရေ စာရင်း ကောက်ယူခြင်း လုပ်ငန်းစဉ် ကို စစ်တပ် အလိုကျ လိုက်လံ လုပ်ဆောင်ပေးနေသည့်အတွက် စစ်ကောင်စီ လက်ပါးစေ အုပ်ချုပ်ရေးမှူးရုံးကို မီးရှို့တိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ဟု သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

အဆိုပါ ဖျာပုံမြို့က ဇန္နဝါရီလ ၂၈ ရက်နေ့၊ ည ၆ နာရီကျော်အချိန်က မီးရှို့တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မီးရှို့တိုက်ခိုက်မှု ဖြစ်ပေါ်ပြီးနောက် ရပ်ကွက်က ဝိုင်းဝန်း မီးငြိမ်းသတ်နေစဉ် မိနစ်အနည်းငယ်အတွင်း စစ်ကောင်စီတပ်များ၊ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ရဲများ ရောက်ရှိလာသည်ဟု ဒေသခံတစ်ဦးကပြော သည်။

သို့သော် ထိုအချိန်တွင် မီးငြိမ်းနေပြီဖြစ်သည် ဟု ပြောသည်။

ပြည်သူများ အနေဖြင့် ဖျာပုံမြို့ပေါ်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများသို့ မသွားလာကြရန် အသိပေးထားပြီး လူထု လွတ်မြောက်ရေး အောင်ပွဲရသည် အထိ အဖိနှိပ်ခံ လူထု လူတန်းစား ပေါင်းစုံ၊ လူမျိုးပေါင်းစုံ နှင့် အတူ တော်လှန်ရေး ရဲဘော်များက ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်သည်ဟု

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ဖျာပုံ ခရိုင်) ၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြပါရှိသည်။

ထို့အပြင် အမှတ် ၉ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးကိုလည်း ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့က ဒေသခံ PDF များက ပထမဆုံးအကြိမ် ဗုံးခွဲ တိုက်ခိုက်ခဲ့ ပြီးနောက် ၂ လအကြာတွင် ဒုတိယ အကြိမ်မြောက် မီးရှို့တိုက်ခိုက်ခဲ့ ခြင်း ဖြစ်သည် ဟု ဒေသခံများက ပြောသည်။

July 10, 2026
ရခိုင်ပြည် အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်ပေါင်းစုံ၌ ရေကြီးရေလျှံမှုများ...
July 10, 2026
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ရှော့တိုက်ဒုံး ၄ လုံး ကျရောက်ပေါက်ကွဲမှု...
July 9, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ မဟာမိတ်တပ်ဖွဲ့များဖြစ်သည့်...
July 9, 2026
ရခိုင်ပြည်အတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ရေများ မြင့်တက်လာကာ...