မွန်ငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင် သေနတ်ထိမှန်သေဆုံး

မွန်ငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင် သေနတ်ထိမှန်သေဆုံး

ထိုင်းနယ်စပ်အနီး နေထိုင်သည့် မွန်ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် နိုင်အောင်သိုက်ဟင် အသက် ၅၄ နှစ်သည် အပြန်အလှန် ပစ်ခတ်မှုတစ်ခုအတွင်း သေနတ်ကျည် ထိမှန်သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ချောင်ချီဒေသ၊ အေးမွန်သာကျေးရွာတွင် ဇန္နဝါရီလ ၂၅ ရက်နေ့၊ နံနက် ၆ နာရီ အချိန်ခန့်က ပစ်ခတ်မှုတစ်ခုအတွင်း သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

မွန်ငြိမ်းချမ်းရေးအဖွဲ့နှင့် နီးစပ်သူ အသက် ၃၅ နှစ်အရွယ် ဒေသခံ အမျိုးသားတစ်ဦးက “ဆက်ကြေးလာတောင်း တဲ့ အဖွဲ့ဘက်ကလည်း တစ်ယောက်သေ ကျန်ခဲ့တယ်လို့ သိရတယ်” ဟု ပြောသည်။

မွန်ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင်၏ နေအိမ်ကို မွန်ခွဲထွက်အဖွဲ့မှ လူ ၁၀ ဦး ရောက်ရှိလာပြီး ဆက်ကြေးအဖြစ် ဘတ်ငွေ သုံးသိန်းတောင်းခဲ့ရာမှ ပြေလည်ခြင်းမရှိဘဲ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ပစ်ခတ်မှုအတွင်း နိုင်အောင်သိုက်ဟင် ဝဲဘက်ရင်အုံ ကျည်ထိမှန်ဒဏ်ရာဖြင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခြင်း ဖြစ်သည်။

နိုင်အောင်သိုက်ဟင် ၏ ရုပ်အလောင်းကို ထိုင်းနိုင်ငံဘက် အခြမ်းတွင် ဇန္နဝါရီလ ၂၆ ရက်နေ့တွင် မီးသင်္ဂြိုလ်ခဲ့ သည်ဟု နီးစပ်သူများက ပြောသည်။

မွန်ငြိမ်းချမ်းရေးအဖွဲ့သည် ၁၉၉၀ ခုနှစ်နောက်ပိုင်း စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သည့် အဖွဲ့တစ်ဖွဲ့ ဖြစ်ပြီး ထိုင်းနယ်စပ်အနီး ချောင်ချီဒေသရှိ အေးမွန်သာကျေးရွာတွင် နေထိုင်လာသည်မှာ ဆယ်စုနှစ် နှစ်ခုကျော် ရှိနေပြီ ဖြစ်သည်။

အဆိုပါ အေးမွန်သာကျေးရွာ အတွင်း လူဦးရေ ၈၀၀ ခန့်ရှိပြီး မွန်လူမျိုး ရွှေ့ပြောင်းအလုပ်သမား အများစု နေ ထိုင်ကြကာ တောင်ယာနှင့် ဥယျာဉ်ခြံ စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။ အဆိုပါ ကျေးရွာရှိသည့် နေရာသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် နေရာဒေသတစ်ခုလည်းဖြစ်သည်။

July 11, 2026
မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကပစ (၂၄) မှ စစ်အုပ်စုတပ်သား အင်အား ၆၀၀ ကျော်သည် ရိက္ခာနှင့် လက်နက်...
July 11, 2026
သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရသော ရခိုင်ပြည်အတွင်းသို့ စစ်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲ...
July 10, 2026
ရခိုင်ပြည် အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်ပေါင်းစုံ၌ ရေကြီးရေလျှံမှုများ...
July 10, 2026
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ရှော့တိုက်ဒုံး ၄ လုံး ကျရောက်ပေါက်ကွဲမှု...