သီပေါ CDM မူလတန်း ကျောင်းအုပ် ဆရာမ တစ်ဦးကို စစ်ကောင်စီ တပ်သားများ ရိုက်နှက်ဖမ်းဆီးသွား

သီပေါ CDM မူလတန်း ကျောင်းအုပ် ဆရာမ တစ်ဦးကို စစ်ကောင်စီ တပ်သားများ ရိုက်နှက်ဖမ်းဆီးသွား

သျှမ်းပြည် ကျောက်မဲခရိုင် သီပေါမြို့နယ် ဘော်ကြိုကျေးရွာမှ CDM ပြုလုပ်ထားသည့် အခြေခံပညာ မူလတန်း ကျောင်းအုပ် ဆရာမကို စစ်ကောင်စီ တပ်သားတို့မှ ရိုက်နှက် ဖမ်းဆီးသွားကြောင်း သတင်းသိရသည်။

ယမန်နေ့ (ဇန်နဝါရီလ ၂၉) ရက်တွင် ဘော်ကြိုသို့ ဈေးဝယ်လာစဥ် စစ်ကောင်စီတပ်သားတို့က ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

“ဆရာမက တစ်ယောက်တည်းလာတာ၊ စစ်ကား တစ်စီး နဲ့ ဆရာမကို ရိုက်ပြီး ဖမ်းခေါ်သွားတယ်၊ အစက ဆရာမရှောင်မလို့ အိမ်တစ်အိမ်ထဲ ဝင်ပြေးတာကို အဲ့အိမ်ဝိုင်းထဲ အထိ ဝင်ရိုက်ပြီး ဖမ်းသွားတာ” ဟု သီပေါမြို့ခံ အသက် ၃၀ ဝန်းကျင် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ဆရာမကို မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရသေးကြောင်း နှင့် မိသားစုဝင်များလည်း ဆက်သွယ်ခွင့် မရသေးကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၅ ရက်တွင်လည်း သီပေါမြို့မှ CDM လုပ်သည့် ပညာရေး ဝန်ထမ်း ၂ ဦးကို စစ်ကောင်စီ တပ်ဖွဲ့မှ လာရောက် ဖမ်းဆီးသွားခဲ့သည်။

လက်ရှိတွင် သီပေါမြို့ပေါ်မှ CDM လုပ်သည့် ပညာရေးဝန်ထမ်း ၄ ဦးအပါအဝင် လူငယ် ၇ ဦးတို့ က ဖမ်းဆီး ခံထားရပြီး သီပေါ ရဲစခန်း အကျဥ်းထောင်တွင် ထားထားကြောင်း သိရသည်။

ယခု ရက်ပိုင်းအတွင်းတွင် သျှမ်းပြည် လားရှိုးခရိုင်၊ ကျောက်မဲ ခရိုင် နှင့် မူဆယ်ခရိုင်တို့မှ CDM ပြုလုပ်သည့် ဝန်ထမ်းများ နှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို စစ်ကောင်စီမှ ရက်ဆက်တိုက် လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းသိရသည်။

ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...