RCSS စစ်သုံ့ပန်း နှင့် အကျဥ်းသားများကို PSLF/TNLA ဒုတိယအကြိမ် လွှတ်ငြိမ်းချမ်းသာခွင့်ပေး

RCSS စစ်သုံ့ပန်း နှင့် အကျဥ်းသားများကို PSLF/TNLA ဒုတိယအကြိမ် လွှတ်ငြိမ်းချမ်းသာခွင့်ပေး

သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ စစ်သုံ့ပန်း နှင့် တခြား အကျဥ်းသားများကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA ) က ဒုတိယအကြိမ် လွှတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သည့် နှစ် ၆၀ ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် PSLF/TNLA ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၏ လွှတ်ငြိမ်းချမ်းသာခွင့် အမိန့် လက်မှတ် နှင့်အတူ စစ်သုံ့ပန်း (၁၁) ဦး နှင့် အကျဉ်းသား (၈) ဦးတို့ကို ဒုတိယအကြိမ် လွှတ်ငြိမ်းချမ်းသာခွင့် ပေးခြင်း ဖြစ်ကြောင်း PSLF/TNLA က ထုတ်ပြန်ထားသည်။

ယခုတစ်ကြိမ် ပြန်လွတ်ပေးလိုက်သည့် RCSS/SSA စစ်သုံ့ပန်း တပ်သားများသည် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် တိုက်ပွဲ အတွင်း ဖမ်းဆီးရမိထားသူများဖြစ်ပြီး လက်နက်မဲ့‌ ဖမ်းဆီးရမိသူ နှင့် လက်နက် နှင့် အတူ ဖမ်းမိခဲ့သူများ ပါဝင်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အဆိုပါ RCSS တပ်သား စစ်သုံ့ပန်းများသည် ကျောက်မဲမြို့နယ် ၊ နောင်ချိုမြို့နယ်၊ မူဆယ်မြို့နယ်၊ မိုင်းငေါ့မြို့နယ် (ခွဲ)၊ လဲချားမြို့၊ သီပေါမြို့ နှင့် နောင်တောင်းမှ ဒေသခံများ ဖြစ်ကြကြောင်းလည်း သိရသည်။

လက်ရှိတွင် အဆိုပါ ပြန်လွှတ်ပေးလိုက်သည့် စစ်သုံ့ပန်းများကို သျှမ်းပြည် ကျောက်မဲခရိုင် နမ္မတူမြို့နယ်ရှိ TNLA လှုပ်ရှားရာ ရွာတစ်ရွာမှ လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်းလည်း ရွှေဖီမြေ သတင်းဌာမှ ဖော်ပြထားသည်။

May 1, 2026
စိုင်းဆိုင်အိုက် — ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ...
April 30, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် နမ့်ခမ်းမြို့နယ်ရှိ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများတွင်...
April 29, 2026
စိုင်းဟန်လင်း — ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)...
April 28, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့်...