PDF အယောင်ဆောင်ပြီး ဖုန်းဖြင့် ငွေတောင်းခံနေ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF က သတိပေးချက်ထုတ်ပြန်

PDF အယောင်ဆောင်ပြီး ဖုန်းဖြင့် ငွေတောင်းခံနေ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF က သတိပေးချက်ထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အယောင်ဆောင်ကာ ဖုန်းဆက်၍ အကြောင်းအမျိုးမျိုးပြပြီး ငွေကြေး တောင်းယူမှုများ ရှိနေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF က သတိပေးချက် ထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာဘက်တွင် အဓိက တောင်းခံနေသည်ကို တွေ့ရှိရသည် ဟု LLPDF အဖွဲ့ တာဝန်ရှိသူများက ပြောသည်။

ငွေအတောင်းခံရဖူးသူ အသက် ၃၅ နှစ်ခန့်အရွယ် မောင်းမကန်ရွာသားတစ်ဦး က “ဖုန်းဆက်ပြီး ပြောတယ်။ ခင်ဗျားတို့ကို ဒလန်လို့ တိုင်ထားတာရှိနေတယ်။ ကျနော်တို့ ကာကွယ်ပြီး ပြောထားပေးမယ်။ ငွေလိုနေလို့ ဘယ် လောက်ပေးပါ ဆိုပြီးပြောတောင်းတာ” ဟု ပြောသည်။

ဇန္နဝါရီလ ၂၁ ရက်နေ့က စာအမှတ် ၁၁၆/၂၃ ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ လိမ်လည် ငွေတောင်းခံမှုများ ကို ပြီးခဲ့သည့် တစ်လခန့်မှစတင်ပြီး လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာဘက်တွင် အဓိက တောင်းခံနေ ခြင်း ဖြစ်သည်ဟု ဖေါ်ပြထားသည်။

ဖုန်းခေါ်ကာ ငွေကြေးတောင်းယူရာတွင်လည်း လုပ်ငန်းများ အဆင်ပြေ တတ်နိုင်မည့် အိမ်မျိုးဆိုလျှင်အကြိမ် ကြိမ် တောင်းနေခြင်းမျိုးလည်း ရှိနေသလို ဖုန်းနံပါတ် အမျိုးမျိုးဖြင့် ဆက်နေခြင်းဖြစ်သည်ဟု LLPDFအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ယခုကဲ့သို့ ငွေကြေး လိမ်လည်တောင်းခံမှုများ ရှိနေခြင်းကြောင့် ဒေသခံများ သိရှိ သတိထားနိုင်စေရန် ရည်ရွယ် ၍ ယခုကဲ့သို့ စာထုတ်ပြန်ခဲ့ရခြင်း ဖြစ်သည်ဟု အဆိုပါ LLPDF တာဝန်ရှိသူက ဆက်ပြောသည်။

ယင်းကဲ့သို့ ဖုန်းဆက်ကာ ခြောက်လှန့်ငွေကြေး တောင်းခံရခြင်း ၄ ကြိမ်ထက်မနည်းရှိခဲ့ပြီးအတောင်းခံရသူများ ကလည်း ကြောက်လန့် စိုးရိမ်ရသောကြောင့်ပေးဆောင်ခဲ့သူများလည်းရှိနေခဲ့သည်ဟု မောင်းမကန်ရွာ အချို့က ဆိုသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ ပုံရိပ်ကျဆင်းစေရန်၊ နွေဦးတော်လှန်ရေးကို ခုတုံးလုပ်၍ မိဘပြည်သူများ၏ ချွေးနည်းစာများကို လိမ်ညာ တောင်းယူနေခြင်းသာ ဖြစ်ပြီး ယခုကဲ့သို့လုပ်ဆောင်နေမှုများသည် လောင်းလုံး မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြုလုပ်နေခြင်းများ မဟုတ်ကြောင်းနှင့် သတိပြုကြရန်ကိုလည်း ထုတ်ပြန်ချက် အတွင်း အသိပေးဖေါ်ပြထားသည်။

ယင်းကဲ့သို့ လုပ်ဆောင်နေသူများကိုလည်း အမြန်ဆုံး စုံစမ်းဖော်ထုတ်သွားမည် ဖြစ်ပြီး တွေ့ရှိပါကထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်ဟု LLPDF အဖွဲ့က ထုတ်ပြန်ထားသည်။

July 11, 2026
မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကပစ (၂၄) မှ စစ်အုပ်စုတပ်သား အင်အား ၆၀၀ ကျော်သည် ရိက္ခာနှင့် လက်နက်...
July 11, 2026
သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရသော ရခိုင်ပြည်အတွင်းသို့ စစ်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲ...
July 10, 2026
ရခိုင်ပြည် အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်ပေါင်းစုံ၌ ရေကြီးရေလျှံမှုများ...
July 10, 2026
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ရှော့တိုက်ဒုံး ၄ လုံး ကျရောက်ပေါက်ကွဲမှု...