ခရီးသည်တင်ကားပေါ်မှ စစ်သားတစ်ဦးကို ပုလောPDF ဖမ်းဆီး

ခရီးသည်တင်ကားပေါ်မှ စစ်သားတစ်ဦးကို ပုလောPDF ဖမ်းဆီး

ခရီးသည်တင် ကားပေါ် တွင် လိုက်ပါလာသည့် စစ်ကောင်စီ တပ်သားတစ်ဦးကို ပုလောပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PRDF က ဖမ်းဆီးလိုက်သည်။

အရပ်ဝတ်ဖြင့် ခရီးသည်တင် မှန်လုံကားတစ်စီးပေါ် တွင် စီးနင်းလိုက်ပါလာသည့် စစ်ကောင်စီ တပ်သားတစ်ဦး ကို ဖမ်းဆီးရမိခဲ့သည်ဟု ပုလောပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PRDF က ဇန္နဝါရီလ ၄ ရက်နေ့၊ မွန်းလွဲပိုင်းတွင် သတင်း ထုတ်ပြန်ထားသည်။

“သူ့ကို မျက်နှာ အမူအယာပျက်နေတာရယ်၊ ဆံပင်ပုံစံရယ်ကြောင့် မသင်္ကာလို့ စစ်ဆေးလိုက်တာပါ။သူက လည်း စစ်သားဆိုတာ ဝန်ခံပါတယ်။ သူ့ပစ္စည်းတွေကို စစ်ဆေးကြည့်တာ ဖုန်းတစ်လုံးနဲ့ ငွေကျပ် နှစ်သောင်း တွေ့ ရပါတယ်။ လောလောဆယ် လုံခြုံတဲ့ နေရာမှာပဲ ထိန်းသိမ်းထားပါတယ်” ဟု PRDFတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

ဖမ်းဆီးခံရသူမှာ တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာ အခြေစိုက် ခမရ ၅၅၆ တပ်ရင်းမှ အသက် ၁၉နှစ်အရွယ် တပ်သား အောင်အောင် ဆိုသူ ဖြစ်သည်ဟု PRDF ၏ ထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြ ထား သည်။

စစ်ကောင်စီ တပ်သား အောင်အောင် ဆိုသူကို ဇန္နဝါရီလ ၂ ရက်နေ့၊ ညနေ ၄ နာရီခွဲ အချိန်ခန့်က မြိတ် -ထားဝယ် ကားလမ်းပေါ် သွားလာလျက်ရှိသည့် ကားများကို ပုလောမြို့နယ်သင်္ကန်းတောကျေးရွာအနီးတွင် PRDF တပ်ဖွဲ့ က တားဆီးစစ်ဆေးရာမှ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင်လည်း ဆီအုန်းသီးများ တင်ဆောင်ထားသည့် ခရီးသည် တင် ကားနှင့် လိုက်ပါလာသော ကော့သောင်းအကျဉ်းထောင်၊ အကျဉ်းဦးစီးမှူးကို

ပုလောမြို့နယ် ကဒဲကျေးရွာအနီး တွင် PRDF တပ်ဖွဲ့နှင့် မဟာမိတ်တပ်တပ်ပေါင်းစုတို့က ဖမ်းဆီးခဲ့ပါသေးသည်။

April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...
April 27, 2026
စစ်ဦးစီးချုပ်အသစ် “လက်စွမ်းပြလိုမှုနှင့်အတူ” ကချင်ပြည်အတွင်း စစ်ရေးပိုမိုတင်းမာလာနိုင်ဟု...