မြန်မာ – တရုတ်နယ်စပ် လွယ်ဂျယ် အရက်သောက်ရာမှ လူ (၁၀) ဦး သေဆုံး

မြန်မာ – တရုတ်နယ်စပ် လွယ်ဂျယ် အရက်သောက်ရာမှ လူ (၁၀) ဦး သေဆုံး

မြန်မာ – တရုတ်နိုင်ငံ နယ်စပ်ဖြစ်သည့် ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့တွင် အရက်သောက်သုံးရာမှ (၁၀) ဦး သေဆုံးကာ (၂) ဦး ဆေးဝါးကုသမှု ခံယူနေရကြောင်း (ဇန်နဝါရီ ၃) ရက်၏ သတိပေးစာထုတ်ပြန်ချက်အရ သိရသည်။

လွယ်ဂျယ်မြို့ အောင်ချမ်းသာရပ်ကွက် တရုတ် ရိုးရာယဉ်ကျေးမှုခန်းမ ဆိုင်ခန်းတွင် ဖွင့်လှစ်ရောင်းချနေသည့် အရက်ဆိုင်တစ်ဆိုင်၏ အရက်ကို ဝယ်သောက်ပြီးနောက် ရုတ်တရက် မျက်စိ အမြင်မှုန်ဝါး/ အသက်ရှူမဝ ရောဂါဝေဒနာများ ခံစားရသဖြင့် လွယ်ဂျယ်မြို့ ပြည့်သူဆေးရုံသို့ ပို့ဆောင်ပြီး ဆေးဝါးကုသမှု ခံယူရသည်။

ထိုဆေးရုံ၌ ဆေးဝါးကုသခံယူရင်း လူ (၁၀) ဦး သေဆုံးကာ (၂) ဦး ဆေးဝါးကုသခံယူနေလျှက် ရှိနေကြောင်း လွယ်ဂျယ်မြို့ဒေသခံ အသက် ၃၀ ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဟုတ်တယ်ဗျာ။ သူတို့ အဲ့အရက်သောက်ပြီး အဆိပ်သင့်တာ၊ အဆိပ်သင့်ပြီး ဆေးရုံမှာ ဆုံးသွားကြတာဗျာ။ အဲ့ အရက်ကိုသောက်ပြီး လူ ၁၀ ယောက်လောက်တော့ ဆုံးသွားပြီ “ ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ အရက်သည် မည်သည့် တံဆိပ်ဖြင့် မည်သည့် ကုမ္ပဏီ ထုတ်လုပ်ထားသည်ကို မသိရှိရကြောင်း ၎င်းအရက်ကို ဗန်းမော်မြို့မှ တစ်ဆင့် လွယ်ဂျယ်မြို့မှာ ပြန်လည်ဖြန့်ဖြူးရောင်းချနေသည်ကို တွေ့ရှိရသည်ဟု ၎င်းကဆက်ပြောသည်။

အရက်သောက်ပြီး သေဆုံးသူများမှာ အသက် ၂၀ နှင့် ၅၀ နှစ်ကြား အမျိုးသားများ ဖြစ်ကြကြောင်း သိရသည်။

ထို့အပြင် လွယ်ဂျယ်မြို့ အောင်ချမ်းသာရပ်ကွက် တရုတ်ရိုးရာ ယဉ်ကျေးမှုခန်းမ ဆိုင်ခန်းမှ ဒေါ်မူမူ ဖွင့်လှစ်ရောင်းချသည့် အရက်ဆိုင်ကို ဝယ်ယူသောက်သုံးခြင်းမပြုရန်၊ ဝယ်ယူထားပါက သက်ဆိုင်ရာနယ်မြေ ရဲစခန်းသို့ လာရောက်အပ်နှံရန်ဆိုပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက ထုတ်ပြန်ရေးသားခဲ့သည်။

May 26, 2026
သျှမ်းပြည်၊ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်က ကျေးရွာလမ်းမများနှင့် စစ်ဆေးရေးဂိတ်များတွင်...
May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...