ခင်ဦးမြို့နယ်တွင် လူနေအိမ် ၁၀၀ နီးပါးမီးရိူ့ခံရပြီး၊ အပြစ်မဲ့ပြည်သူ သုံးဦးနှင့် PDF ရဲဘော် ၁၅ ဦးကျဆုံး

ခင်ဦးမြို့နယ်တွင် လူနေအိမ် ၁၀၀ နီးပါးမီးရိူ့ခံရပြီး၊ အပြစ်မဲ့ပြည်သူ သုံးဦးနှင့် PDF ရဲဘော် ၁၅ ဦးကျဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊  ခင်ဦးမြို့နယ်တွင် ဖုန်းအင်တာနက်လိုင်းဖြတ်တောက်ခံရပြီးနောက် ခင်ဦးမြို့နယ်အတွင်းမှ ကျေးရွာနေပြည်သူများ၏နေအိမ် တစ်ရာနီးပါးမီးရိူ့ဖျက်ဆီးခံခဲ့ရသည့်အပြင် အပြစ်မဲ့ပြည်သူသုံးဦးနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ဆယ့်ငါးဦးလည်းကျဆုံးခဲ့ကြောင်းသိရသည်။

ခင်ဦးမြို့နယ်တစ်မြို့နယ်တစ်ခုလုံးတွင်  စစ်ကောင်စီတပ်မှ မတ်လ ၅ ရက်နေ့မှ စတင်ကာ ဖုန်းအင်တာနက်လိုင်းများဖြတ်တောက်ခဲ့ပြီးနောက် ထိုးစစ်ဆင်မှုနှင့် အကြမ်းဖက်လုပ်ရပ်များပိုမိုလုပ်ဆောင်လာခဲ့ပြီး မတ်လ ၅ ရက်နေ့မှ ၁၃ ရက်နေ့အထိ  ၈ ရက်နေ့အတွင်း ကျေးရွာများမှ လူနေအိမ်အလုံး ၁၀၀နီးပါးမီးရိူ့ဖျက်ဆီးခံလိုက်ရသည့်အပြင် အပြစ်မဲ့ပြည်သူသုံးဦးသတ်ခံရပြီး pdfရဲဘော်မျာလည်း ဆယ့်သုံးဦးအထိ ကျဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ သိရသည်။

“မတ်လ ၅ ရက်နေ့ကနေ ၁၃ ရက်နေ့အတွင်းမှာလူနေအိမ် ၁၀၀ နီးပါမီးရှို့တယ် ပြီးတော့ အချို့နေအိမ် တွေဝင်မွှေနှောက်တာ ဖျက်ဆီးခံရတာတွေလည်းရှိခဲ့ပါတယ်။ ဒီကြားထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ဖြစ်ခဲ့တဲ့တိုက်ပွဲဆိုရင် မတ်လ ၈ ရက်နေ့က သိမ်တော်ကျေးရွာတိုက်ပွဲမှာ ကျနော်တို့ဘက်က ရဲဘော် ဆယ့်သုံးယော်ကျဆုံးတယ် ပြီးတော့ အသက် သုံးဆယ်ကျော်ပြည်သူတစ်ဦး ၅၀ ကျော်နှင့် ၃၀ ကျော်နှစ်ဦးကိုလည်း စစ်ကောင်စီကသတ်ဖြတ်ခဲ့ပါတယ်”ဟုခင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

အဆိုပါ မီးရှို့ဖျက်ဆီးခံလိုက်ရသည့် လူနေအိမ် တစ်ရာခန့်မှာ ဒါန်းကုန်းကျေးရွာမှ ၄၃ လုံး၊ မှန်တော ကျေးရွာမှ ၃၈ လုံး၊ ကျွန်းလယ်ကျေးရွာမှ ၂လုံးနှင့် ယာစောင့်တဲငါးလုံး၊သက်ပေးကျေးရွာမှ ၁၃ လုံးစု စုပေါင်း လူနေအိမ် ၉၆ လုံးအထိမီးရိူ့ဖျက်ဆီးခံခဲ့ရပြီး တိုက်ပွဲများအတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ဆယ့်သုံးဦးကျဆုံးခဲ့သည့်အပြင် အပြစ်မဲ့ပြည်သူ ၃ ဦးလည်းသတ်ဖြတ်ခဲ့ရကြောင်းသိရသည်။

ထို့ပြင် သိမ်တော်ကျေးရွာတိုက်ပွဲအတွင်းကျဆုံးခဲ့သည့် ရဲဘော် ၁၅ ဦးတွင် အသက် ၂၀ ကျော်အရွယ်အများဆုံး ပါဝင်ပြီး ဆယ်ကျော်သက်အရွယ် သုံးဦး အသက် ၅၀ ကျော်အရွယ် နှစ်ဦးလည်းပါဝင်ခဲ့ကြောင်းသိရသည်။

လတ်တလောတွင် ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်လုပ်ရှားနေသည့် တပ်ဖွဲ့မှာ ခလရ-၇၇ တပ်ဖြစ်ပြီး ၎င်းတို့၏စစ်ရေးလုပ်ရှားမှုကြောင့် ကျေးရွာပေါင်း ၂၀၀ ကျော်မှ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည့် တိုက်ပွဲ ရှောင် ပြည်သူထောင်ချီရှိနေပြီး ၎င်းတို့အတွက် ဆေးဝါးနှင့် စားသောက်ဖွယ်များလိုအပ်နေပြီး နေရာထိုင်ခင်း အခက်အခဲပြသာနာနဲ့လည်း ကြုံတွေ့နေရကြောင်းသိရသည်။

"အဓိကတော့ စစ်ဘေးရှောင်၊မီးဘေးရှောက်တွေအတွက် အစားအသောက်တွေလိုအပ်တယ်။ နေအိမ်တွေက မီးရှို့ခံရတော့အသုံးအဆောင်တွေကအစ ဘာမှမရှိကြတော့ဘူး" လို့ ဒေသခံနှင့် နီးစပ်သူများကပြောသည်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...