ရုပ်ရှင်ဒါရိုက်တာ JZ ဒေါင်လွမ်း ကချင်အနုပညာရှင်အသင်းချုပ် ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံရ

ရုပ်ရှင်ဒါရိုက်တာ JZ ဒေါင်လွမ်း ကချင်အနုပညာရှင်အသင်းချုပ် ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံရ

ကချင်အနုပညာရှင်များ အသင်းချုပ် ဥက္ကဌ အဖြစ် ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် ဒါရိုက်တာ JZ ဒေါင်လွမ်းမှ ကို ရွေးချယ် ခန့်အပ်လိုက်ပြီဟု သိရသည်။

လက်ရှိ ဥက္ကဋ္ဌ မင်းသား Lahtaw Zau Ding သည် ၄ နှစ်သာ သက်တမ်း ကုန်းဆုံးသွားသည့်အတွက် မတ်လ ၂ ရက်နေ့မှ ၃ရက်နေ့အထိ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်း မဂျွယ်ခန်းမတွင် ရွေးကောက်ပွဲပြုလုပ်ပြီး ရွေးချယ်ခဲ့ကြသည်ဟု သိရသည်။

၂ ရက်သာ အစည်းအဝေးအတွင်း ဥက္ကဋ္ဌ အသစ်အဖြစ် JZ ဒေါင်လွမ်း ၊ ဒု- ဥက္ကဋ္ဌ အဖြစ် မင်းသမီးကြီး L. ဂျာတောင် ၊ အတွင်းရေးမှူး လဂျားဇော်ဒွဲခေါင်နှင့် ဒု- အတွင်းရေးမှူး တေးသံရှင် Kareng Kai Din တို့ ကို အသီးသီးရွေးချယ်ခဲ့သည်။

လက်ရှိ ဥက္ကဋ္ဌအသစ် ဒါရိုက်တာ JZ ဒေါင်လွမ်းသည် ‘တိမ်ပြာသောနေ့’၊  ‘မနောမြေမှ ကျောက်စိမ်းကမ္ဘာ’ စသည့် ရုပ်ရှင်များကို ရိုက်ကူးထားသူဖြစ်သည်။

ကချင်အနုပညာရှင်များအသင်းချုပ်ကို ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကချင်တေးသံရှင် Aba Di က ပထမဆုံးအကြိမ် ဥက္ကဋ္ဌ တာဝန်ကို ရွေးချယ်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ၂၀၁၆ ခုနှစ်တွင် မင်းသားကြီး ဇော်ဒိန်က ဥက္ကဋ္ဌ တာဝန်ကိုထမ်းဆောင်ခဲ့ပြီးနောက် ဒါရိုက်တာ JZ ဒေါင်လွမ်းသည် တတိယမြောက် ဥက္ကဋ္ဌ ဖြစ်လာသည်။

May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...
April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...
April 29, 2026
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက...
April 28, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ်အတွင်း မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် မိုးကောင်းမြို့နယ်အတွင်း...