ရခိုင်ရိုးမ အစပ် ငသိုင်းချောင်းတွင် ဆောက်လုပ်ရေး ကန်ထရိုက်တာနှင့် အလုပ်သမားများကို စစ်ကောင်စီ ဖမ်း

ရခိုင်ရိုးမ အစပ် ငသိုင်းချောင်းတွင် ဆောက်လုပ်ရေး ကန်ထရိုက်တာနှင့် အလုပ်သမားများကို စစ်ကောင်စီ ဖမ်း

ငသိုင်းချောင်းတွင် ကန်ထရိုက်တာ တစ်ဦးနှင့် ဆောက်လုပ်ရေး အလုပ်သမားများကို စစ်ကောင်စီ တပ်ဖွဲ့က ဖမ်းဆီးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ပုသိမ်မြို့ အမှတ် ၇ ရပ်ကွက်က ပရဟိတ အဖွဲ့ ခေါင်းဆောင် ဦးမျိုးအောင်သည် ဆောက်လုပ်ရေး ကန်ထရိုက် တာ တစ်ဦး ဖြစ်ကာ ငသိုင်းချောင်း မြို့တွင် အဆောက်အဦ တစ်ခုအား တည်ဆောက်နေစဥ် ၎င်း၏ အလုပ် သမား ၁၅ ဦးနှင့် အတူ ဇန္နဝါရီလ ၂၂ ရက်နေ့က အဖမ်းခံလိုက်ရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဆောက်လုပ်ရေး ကန်ထရိုက်တာ ဦးမျိုးအောင်သည် ပုသိမ်မြို့ရှိ ပရဟိတ အဖွဲ့ တစ်ဖွဲ့ မှ ဦးဆောင်သူ တစ်ဦး ဖြစ်သော်လည်း မည်သည့် ပါတီဝင်မှ မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်အား ကြည်ညို ထောက်ခံတစ်ဦးသာ ဖြစ်သည်ဟု ပုသိမ်မြို့ရှိ ပရဟိတ အ သိုင်းအဝိုင်းထံမှ သိရသည်။

“သူ(ဦးမျိုးအောင်)ကို ဆန္ဒပြတာနဲ့ ပါတ်သက်ပြီး ပုသိမ်နယ်မြေ ရဲစခန်းက အလိုရှိနေလို့ ဖမ်းရတာ။ ကျန်သူ တွေကတော့ စစ်မေးစရာရှိလို့ပါ” ဟု ငသိုင်းချောင်း နယ်မြေရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦး က ပြောသည်။

စစ်ကောင်စီက ဧရာဝတီတိုင်း ငသိုင်းချောင်း ဒေသတွင်းမှ ရခိုင်ရိုးမအတွင်း နေထိုင်သူများကို နှင်ထုတ်လျှက်ရှိပြီး မြို့ပေါ် ရပ် ကွက်များနှင့် ကျေးရွာများတွင်လည်း ဧည့်စာရင်းများ စစ်ဆေးခြင်းများလည်း လုပ်ဆောင်နေသည်။

ဦးမျိုးအောင် ၏ မိသားစုဝင် တစ်ဦးက “သူက တိုက်တွေဆောက်တဲ့ ကန်ထရိုက်တာပါ။ အခုလည်း သူ့တပည့် တွေနဲ့ ငသိုင်းချောင်းက တိုက် ၂ လုံး အပ်လို့ သွားဆောက်နေတာ သက်သက်မဲ့ ဖမ်းကြတယ်” ဟု ပြောသည်။

အဖမ်းခံသူ ၁၅ ဦးတွင် ပုသိမ်မြို့ အမှတ် ၇ ရပ်ကွက်မှ ၎င်း၏ အလုပ်သမား ၄ ဦးလည်း ပါဝင်ပြီး ကျန်သူများမှာ ပုသိမ်မြို့အတွင်းက အခြား ရပ်ကွက် အသီးသီးမှ အသက် ၃၅ နှင့် ၅၀ အကြားရှိ လူလတ်ပိုင်းများ ဖြစ်ကြသည်။

အားလုံးသည် ပန်းရံ နှင့် လက်သမား အလုပ်သမားများဖြစ်ဟု ဆိုသည်။

ငသိုင်းချောင်းမြို့သည် ရေကြည်မြို့နယ် အတွင်းရှိ ပုသိမ်-မုံရွာ လမ်းမကြီး နံဘေးရှိ မြို့ဖြစ်ကာ မြို့၏ အနောက် ဖက် အခြမ်းသည် ရခိုင်ပြည်နယ်နှင့် ထိစပ်လျှက်ရှိသည်။

အဆိုပါနေရာအနီးတဝိုက်တွင်လည်း ရက္ခိုင့်တပ်တော် ULA/AA နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေး၊ နိုင်ငံ ရေး တင်းမာလာနေသည့် ဒေသဖြစ်သည်ဟု ဒေသခံများ၏ ပြောပြချက်အရ ဆက်သိရသည်။

May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...
May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...