မိုင်းဟပြည်သူ့စစ်ကို ရည်းစားစကားအဖြေမပေးသည့် အမျိုးသမီးတစ်ဦး သေနတ်ပစ်ခံရ

မိုင်းဟပြည်သူ့စစ်ကို ရည်းစားစကားအဖြေမပေးသည့် အမျိုးသမီးတစ်ဦး သေနတ်ပစ်ခံရ

သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ် မန်ပန်ကျေးရွာအုပ်စု ကြူကွမ်ကျေးရွာတွင် နေထိုင်သည့် အမျိုးသမီးကို မိုင်းဟ ပြည်သူ့စစ် တစ်ဦးက ရည်းစားစကားလိုက်ပြောရာမှ အဖြေ ပြန်မပေးသောကြောင့် သေနတ်ဖြင့် ပတ်ခတ်ခံရကြောင်း စုံစမ်းသိရှိရသည်။

ဇန်နဝါရီ (၂၃)ရက် ည (၈)နာရီဝန်းကျင်တွင် မိုင်းဟ ပြည်သူ့စစ်က ကြူကွမ်ရွာအတွင်း ဝင်လာပြီး အမျိုးသမီးတစ်ဦးထံ ချစ်ခွင့်ပန် အဖြေတောင်းရာ အမျိုးသမီးဘက်မှ အဖြေမပေးသောကြောင့် ၎င်းအမျိုးသမီး နေအိမ်တွင် ထမင်းချက်နေစဉ် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“ပြည်သူ့စစ်က ကောင်းမလေးကို အဖြေတောင်းတာ မပေးလို့ဆိုပြီး သေနတ်နဲ့ ပစ်လိုက်တာ။ သူ့ခြေထောက် နှစ်ဖက်လုံး ထိသွားတယ်။ သူက ရေသွားချိုးလာပြီး ထမင်းလာချက်နေတဲ့ အချိန်မှာ သေနတ်နဲ့ ပစ်လိုက်တာ။ ကောင်းမလေးကလည်း အဲလူကို စိတ်မဝင်စားဘူးလို့ပြောတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုအမျိုးသမီးသည် ခြေထောက်နှစ်ဖက်နှင့် လက်တို့တွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ပြီး လက်ရှိတွင် လားရှိုးမြို့ ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

“ဒဏ်ရာကတော့ ပြင်းထန်တယ်။ ခြေထောက် နှစ်ဖက် ထိသွားတယ်။ လက်ရော ထိတယ်။ ဖြစ်ဖြစ်ချင်း မိုင်းရယ်မြို့ ဆေးရုံကို ပို့ပေးတာ။ အခုက လားရှိုးမြို့ ဆေးရုံကို ပြောင်းပေးလိုက်ပြီတဲ့” ဟု အထက်ပါ အမျိုးသားက ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး မိုင်းဟ ပြည်သူ့စစ် တပ်ဖွဲ့ကို သျှမ်းသံတော်ဆင့်မှ ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသည်။

သေနတ်ထိမှန်ခဲ့သည့် အမျိုးသမီး ဆေးကုသရန်အတွက် ငွေရေးကြေးရေး အခက်ခဲများစွာရှိနေကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...