ABSDF နှင့် တိုက်ပွဲ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇ ဦး သေဆုံး

ABSDF နှင့် တိုက်ပွဲ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇ ဦး သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့မြောက်ဘက်အထွက် ၂မိုင်ခန့်အကွာရှိ နတ်လှိုင်ကျေးရွာအနီးတွင် ဇန္နဝါရီလ ၂၂ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို PDF တပ်များနှင့် ABSDF တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ဘက်က ၇ ဦးသေဆုံးခဲ့သည်ဟု Katha revolution IR  မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇန္နဝါရီလ ၂၂ ရက်နေ့၊ နံ့နက် ၇နာရီ မှ ၉ နာရီ အချိန်ခန့်အထိ နှစ်ဖက်ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဘက် က ၇ ဦး ထက်မနည်း သေဆုံးကာ ဒဏ်ရာရှိသူများကိုလည်း ရပ်ကွက် ၅ သင်္ချိုင်းလမ်းမှ တဆင့် ကသာ ဆေးရုံ သို့ သယ်သွားသည်ဟု သိရသည်။

ထို့အပြင် တိုက်ပွဲအတွင်း ကသာမြို့အခြေစိုက် ၃၀၉ တပ်ရင်းမှလည်း လက်နက်ကြီးဖြင့် ၆ လုံးပစ်ခတ်ခဲ့ပြီး နတ် တောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များကလည်း ၆၀ မမများဖြင့် ပစ်ကူပေးခဲ့သည်။ လက်နက်ကြီး  ဖြင့်လည်း အချက် ၂၀ ခန့် ပစ်ခတ်ခဲ့သည်ဟု Katha revolution IR  မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ABSDF ကျောင်းသားတပ်မတော် နှင့် ဒေသခံ PDF များသည် နတ်လှိုင်ကျေးရွာအထွက်တွင် ညဦးပိုင်းကတည်းက စောင့်ဆိုင်းနေပြီး စစ်ကောင်စီတပ်ဘက်က အင်အား ၁၀၀ ခန့် ကျေးရွာထဲမှ အထွက် လယ်ကွင်းနား အရောက် တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ဖြစ်သည် ဟု သိရသည်။

NCA အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားသည့် ABSDF အဖွဲ့သည် ဇန္နဝါရီလ ၁၅ ရက်နေ့တွင်လည်း ရွှေကူမှ ကသာ သို့ စုန်ဆင်းလာမည့် သင်္ဘော ၂ စီး အတွက် လုံခြုံရေးယူပေးနေသော နကူကျေးရွာဟောင်းမှ စစ်ကောင်စီ တပ်ကို တိုက်ခဲ့ပြီး ယခု နတ်လှိုင်ကျေးရွာတွင် ဖြစ်ပွားသည့် တိုက်ပွဲမှာ ဒုတိယအကြိမ်မြောက် တိုက်ပါဲဖြစ်သည်။

စစ်ကောင်စီ တပ်များက ကသာမြို့နယ်အတွင်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။

ဓါတ်ပုံ - ပုံဟောင်း
July 27, 2026
စစ်တပ်က အင်အားထပ်မံဖြည့်တင်းထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ၇ မိုင်အကွာရှိ ရွှေမင်းဂံရေတပ်...
July 27, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ လေးကေ့ကော်မြို့သစ် အနောက်ဘက် ရဲကုန်းနေရာ၌ ပြီးခဲ့သည့်...
July 27, 2026
UWSA ‘ဝ’ အပါအဝင် မဟာမိတ်ညီနောင် အချို့ စစ်တပ်နှင့် တွေ့ဆုံရန် ပြင်ဆင်နေချိန်အတွင်း...
ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...