ချိပ်ပိတ်ထားသည့် ပုသိမ် NLD ရုံး ဖောက်ထွင်းခံရ

ချိပ်ပိတ်ထားသည့် ပုသိမ် NLD ရုံး ဖောက်ထွင်းခံရ

ပုသိမ်မြို့နယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရုံး အတွင်းရှိ ကာလတန်ဖိုး သိန်း ၂၅၀ ခန့်ရှိ ပစ္စည်းများ ဖောက်ထွင်း ခိုးယူခံသည်ဟု သိရသည်။

အဆိုပါရုံးကို စစ်ကောင်၏ တပ်ဖွဲ့ဝင်များက အချိန်ပြည့်နီးပါး ကင်းပုန်းဝပ် စောင့်ကြည့်နေပါလျှက် ရုံးတွင်း ပစ္စည်းများ ဖောက်ထွင်း ခိုးယူခံရခြင်းဖြစ်သည်ဟု ပါတီဝန်းရံသူများက ပြောသည်။

“အဲ့ဒီရုံးက ရဲစခန်းနဲ့ နီးသလို တိုင်းမီးသတ်မျှော်စင်က မြင်ရတဲ့နေရာမှာ ရှိတာ။ နောက်တပ်ကလည်း CCTV တွေ ဆင်ထားသေးတယ်။ ကင်းပုန်းပုံစံမျိုးနဲ့ စောင့်ကြည့်နေတာတွေလည်း ရှိတဲ့ကြားထဲက ဖောက်ထွင်းခံရတာ“ ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် မြို့နယ် NLD ပါတီဝင် တစ်ဦး က ပြောသည်။

ဆက်တီ နှစ်စုံ၊ စာအုပ်ထည့် ဘီရိုများ၊ ရုံးသုံး ပရိဘောဂများ၊ ကွန်ပြူတာများ၊ ၄၂ လက်မ တီဗွီ ၁ လုံး၊ ရေအေး စက်၊ Song Box အသံချဲ့စက်တစ်စုံ၊ အဲကွန်း ၁၁ လုံး၏ အတွင်းစက် အပြင်စက်များ ဖြစ်သည်ဟု သိရသည်။

အဆိုပါ ပစ္စည်းများသည် စစ်တပ်က အာဏာသိမ်းသည့်နေ့၊ မြို့နယ် NLD ရုံးကို ချိပ်ပိတ်ခံခဲ့ရစဉ်က ထားခဲ့ရသည့် ပစ္စည်းများဖြစ်ပြီး ထိုပစ္စည်းများ ပျောက်ဆုံးကုန်ခြင်း ဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် မြို့နယ် NLD ပါတီဝင် က ဆက်ပြောသည်။

ဇန္နဝါရီလ ၁၆ ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ပြည်သူအချို့က ရုံးရှေ့တံခါး သော့ပွင့်နေကြောင်း ပြောသဖြင့် သွား စစ်ဆေးကြည့်ရာမှ ပစ္စည်းများပျောက်နေခြင်းကို သိရခြင်း ဖြစ်သည်ဟု NLD ပါတီ တာဝန်ရှိသူများ၏ ပြောပြ ချက်အရ သိရ သည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့၊ နံနက် ၃ နာရီ ဝန်းကျင်အချိန်တုန်းကလည်း ယင်းရုံးအား အမည်မသိ သူများ၏ မိုင်းထောင် ဖျက်ဆီးခြင်းကို ခံခဲ့ရသေးသည်ဟု ဒေသခံများက ဆိုသည်။

ပုသိမ်မြို့နယ် NLD ရုံးသည် ပုသိမ်နယ်မြေ ရဲစခန်း၊ တိုင်းမီးသတ်တပ်ဖွဲ့ကြည့် ကင်းမျော်စင်တို့နှင့် မီတာ ၃၀၀ ကျော် မျက်နှာခြင်းဆိုင် နေရာမှ ကြားတွက် အကာအကွယ် မရှိပဲ မြင်နေရသည့် နေရာတွင် ရှိသည့် ရုံးဖြစ် သည်ဟုလည်း ပုသိမ်မြို့ခံများက ပြောသည်။

May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...
May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...