ထန်တလန်ကို PDF တွေ မီးရှို့ဟု ဆိုကာ ဗီဒီယို အမှားကို ဖြန့်ဝေနေ

ထန်တလန်ကို PDF တွေ မီးရှို့ဟု ဆိုကာ ဗီဒီယို အမှားကို ဖြန့်ဝေနေ

ချင်းပြည်နယ် ထန်တလန်မြို့က လူနေအိမ်၊ ဆေးရုံ၊ ဆေးခန်း၊ စျေးဆိုင်ခန်းနှင့် ဘုရားကျောင်းတွေကို PDF တွေ က မီးရှို့ခဲ့တယ်ဆိုတဲ့ သတင်းရုပ်သံ တစ်ခုကို Nang Moh Moh Akari (နန်းမိုးမိုးဧကရီ) ဆိုသူ Facebook အကောင့်ပိုင်ရှင်က  ဇန္နဝါရီလ ၁၁ ရက်နေ့က တင်ထားတာကို တွေ့ရပါတယ်။

ထန်တလန်မှာ မီးရှို့ခံထားရတဲ့ နေအိမ်တွေ၊ ဆေးရုံ၊ဆေးခန်းတွေ ဘုရားကျောင်းနဲ့ စျေးဆိုင်ခန်းတွေရဲ့ ရုပ်ပုံတွေနဲ့ ရေးသားထားတဲ့ စာသားတွေကို သတင်းရုပ်သံအဖြစ် ဖန်တီးပြီးတော့ “ဝမ်းနည်းဖွယ် လမ်းမှားလိုက်များကြောင့် ဝမ်းနည်းဖွယ် ထန်တလန် ဖြစ်ရပ်မှန်များ” လို့ရေးပြီး တင်ထားတာကို တွေ့ရပါတယ်။

အဲဒီ ရုပ်သံထဲမှာဆိုရင် “PDF အကြမ်းဖက်များ၏ မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသော ထန်တလန်မြို့မှ လူနေအိမ် များ၊ NUG ၏ စေခိုင်းချက်ဖြင့် PDF အမည်ခံ အကြမ်းဖက် သမားများသည် ထန်တလန်မြို့အား ၁၂ ကြိမ်တိုင် တိုင် မီးရှို့ခဲ့ပြီး မီးငြိမ်းသတ်ရန် လာရောက်သည့် လုံခြုံရေးအဖွဲ့ဝင်များမှ မီးရှို့သည့်ဟန်ဖြင့် သတင်းမှားများ ဖန်တီးကာ လုံခြုံရေး အဖွဲ့ဝင်များအား ပြည်သူလူထုမှ အထင်အမြင်လွဲမှား စေရန် ဆောင်ရွက်ခဲ့၊ PDF အမည်ခံ အကြမ်းဖက်သမားများမှ မီးလောင်နေသည့် နေရာများအား Drone ကင်မရာများဖြင့် ရိုက်ကူး၍ လုံခြုံရေး တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးသည့် အသွင်သဏ္ဍာန်ဖြင့် လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် သတင်းအမှား များအား ဖန်တီးဖြန့်ဝေလျက်ရှိ” အစရှိတဲ့ စာသားတွေ ပါဝင်နေ တာကို တွေ့ရပါတယ်။

ရုပ်သံထဲမှာ ပါတဲ့  အဲဒီ သတင်းအချက်အလက်တွေဟာ  မှန်ကန်မှု မရှိတဲ့ သတင်းအမှားတွေသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ထန်တလန်မြို့မှာ လူနေအိမ်၊ ဆေးရုံ၊ ဆေးခန်း၊ စျေးဆိုင်ခန်းနှင် ဘုရားကျောင်းတွေ မီးရှို့ ခံထားရတာ မှန်ပေမယ့် အဲဒီ အဆောက်အဦတွေကို PDF တွေက ရှို့တာ မဟုတ်ပဲ စစ်ကောင်စီတပ်က မီးရှို့ခဲ့ တာကို PDF တွေ လုပ်တယ်ဆိုပြီး ပြောင်းပြန်ပြောဆိုထားလို့ပဲဖြစ်ပါတယ်။

စစ်ကောင်စီတပ်က ထန်တလန်မြို့မှာရှိတဲ့ လူနေအိမ်အပါအဝင် အဆောက်အဦးတွေကို တမင်သက်သက် မီးရှို့ တဲ့အပြင် သူတို့ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေကြောင့် အဆောက်အဦးတွေ မီးလောင်ပျက်ဆီး ရတာ ဖြစ်တယ်လို့ ဒေသခံတွေက သတင်း မီဒီယာတွေကို ပြောဆိုထားကြပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီးတော့လည်း သတင်းဌာန တော်တော်များများက သတင်းရေးသား ထုတ်လွှင့်ထားတာကို ကြည့်ရင် အဲဒီအဆောက်အဦတွေကို ဘယ်သူက မီးရှို့ဖျက်ဆီးသွားတာလဲ ဆိုတာကို သိ နိုင်ပါတယ်။

ထန်တလန် မီးလောင်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး Myanmar Now သတင်းဌာနက စုစည်း ရေးသားထားတဲ့ သတင်း တွေကို ဒီမှာ https://bit.ly/3I4PMaU တွေ့နိုင်သလို RFA သတင်းဌာနက ရေးသားထားတဲ့ သတင်း ကိုလည်း ဒီမှာ https://bit.ly/3nuS8YS ဝင်ကြည့်လို့ပါတယ်။

ဒါ့အပြင် ဧရာ၀တီသတင်းဌာနက ရေးသားထားတဲ့ သတင်းကိုလည်း https://bit.ly/3rr7tej ဒီမှာ ဝင်ကြည့်လို့ ရ နိုင်သလို VOA ၊ DVB ၊ BBC ၊ ခေတ်သစ် စတဲ့ သတင်းဌာနတွေရဲ့ သတင်းရေးသားမှုတွေကိုလည်း သူတို့ရဲ့ လူမှု ကွန်ရက် စာမျက်နှာတွေမှာ ဝင်ကြည့်ရင် တွေ့နိုင်ပါတယ်။

ဒါကြောင့် အချက်အားလုံးကို ခြုံကြည့်လိုက်တဲ့အခါမှာ Nang Moh Moh Akari ဆိုသူက တကယ့် မြေပြင်မှာ လက်တွေ့ဖြစ်ပေါ်နေတဲ့ အခြေအနေမှန်ကို အခြေခံပြီး ရုပ်သံသတင်း ဖန်တီးထားတာ မဟုတ်ပဲ PDF တွေကို ပြည်သူတွေက အထင်အမြင်မှားအောင် လိမ်ညာ ဝါဒဖြန့်ထားတဲ့ ရုပ်သံ သတင်းအမှားသာ ဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိခဲ့ရပါတယ်။

Nang Moh Moh Akari ဆိုသူရဲ့ ရုပ်သံသတင်းကို ထပ်ဆင့်ဖြန့်ဝေသူ နှစ်ရာနီးပါးအထိရှိနေပြီး ကြိုက်နှစ် သက် သူ၊ သဘောထား မှတ်ချက်ပေးသူတွေလည်း တော်တော်များများရှိနေပါတယ်။ ဒါ့အပြင် တပ်မတော် ထောက်ခံ သူတွေရဲ့ Facebook Group တော်တော်များများမှာလည်း ထပ်ဆင့်ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

သတင်းအမှား ဖြန့်ဝေသူတွေ အနေနဲ့ PDF တွေကို ပြည်သူတွေ အထင်အမြင်မှားအောင်၊ မထောက်ပံ့ မကူညီ အောင်၊ အားမပေးအောင်၊ ကြောက်လန့်အောင် မဟုတ်မမှန် သတင်းစကားတွေကို  ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့် ထုတ်လွှင့် ဖြန့်ဝေနေတာကို တွေ့ရှိရပါတယ်။

လက်ရှိကာလမှာ သတင်းအမှားဖြန့်ဝေသူတွေဟာ သတင်းတု/ သတင်းမှားတွေကို သူတို့ကြိုက်သလို ဖန်တီး ရေးသားပြီးတော့ လူမှုကွန်ရက် အစုံကို‌ အသုံးပြုကာ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

ဒါကြောင့် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ်ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြ တော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေ ဖို့ လိုပါတယ်။

ဓါတ်ပုံ - ပုံဟောင်း
July 27, 2026
စစ်တပ်က အင်အားထပ်မံဖြည့်တင်းထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ၇ မိုင်အကွာရှိ ရွှေမင်းဂံရေတပ်...
July 27, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ လေးကေ့ကော်မြို့သစ် အနောက်ဘက် ရဲကုန်းနေရာ၌ ပြီးခဲ့သည့်...
July 27, 2026
UWSA ‘ဝ’ အပါအဝင် မဟာမိတ်ညီနောင် အချို့ စစ်တပ်နှင့် တွေ့ဆုံရန် ပြင်ဆင်နေချိန်အတွင်း...
ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...