သတင်းထောက် မှူးရတနာခက်မို့မို့ထွန်းကို ၅၀၅-က ဖြင့် အမှုဖွင့်

သတင်းထောက် မှူးရတနာခက်မို့မို့ထွန်းကို ၅၀၅-က ဖြင့် အမှုဖွင့်

သတင်းယူစဉ် ကားဖြင့်တိုက်ကာ ဖမ်းဆီးခံရသည့် သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် ဇန်နဝါရီ ၁၇ ရက်တွင် အမှုဖွင့်လိုက်သည်ဟု ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောသည်။

မမှူးရတနာခက်မို့မို့ထွန်းမှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့က ပန်းပင်ကြီးလမ်း ဆန္ဒပြပွဲကို စစ်ကောင်စီတပ်က ကားဖြင့် တိုက် ၍ဖြိုခွင်းခံရချိန် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ အမှုဖွင့်ခံလိုက်ရခြင်း ဖြစ်သည်။

"ရဲစခန်းမှာ ရမန်ကြီး ၁ ပတ်ထားမယ်။ ဒီနေ့ကနေစပြီး ရမန်စယူတာပေါ့။ တရားဆွဲဆိုပြီးမှ အင်းစိန်ထောင်ကို ပို့ပါမယ်။ လာမယ့် ၂၈ ရက်နေ့မှာ ရုံးတင်တရားဆွဲသွားမယ်လို့ သိရတယ်" ဟု ဥပဒေအကြံပေး တရားလွှတ် တော် ရှေ့နေက ပြောသည်။

လက်ရှိတွင် မမှူးရတနာခက်မို့မို့ထွန်း၏ ကျန်းမာရေး အခြေအနေမှာ ခြေထောက်တွင် ကျောက်ပတ်တီး ပြန်စီး ထားပြီး ဦးခေါင်းကဒဏ်ရာလည်း အနည်းငယ်သက်သာလာပြီး ဖြစ်သည်ဟု အဆိုပါရှေ့နေက ၎င်းအပြင်မှ  တွေ့ ခဲ့ရပုံကို ပြောသည်။

လက်ရှိတွင် မမူးရတနာခက်မို့မို့ထွန်းကို ရွှေပြည်သာ စစ်ကြောရေးမှ ကြည့်မြင့်တိုင် မြို့မရဲစခန်းကို ပြန်လည်လွှဲ ပြောင်းထားပြီး မိသားစုနှင့် ယနေ့အချိန်ထိ တွေ့ခွင့်မရသေးဘူးဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းတို့၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက "ပစ္စည်းပို့ ဘာပို့တော့ ရဲတွေက တစ်ဆင့်လုပ်ပေးလို့ရယ်။ တွေ့ခွင့် တော့ မရသေးဘူး” ဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့က ကြည့်မြင့်တိုင်၊ ပန်းပင်ကြီးလမ်းအတွင်းရှိ ဆန္ဒပြပွဲကို စစ်ကောင်စီတပ်က ကားဖြင့်ဝင်တိုက်ကာ သေနတ်များဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သဖြင့် သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်း အပါ အဝင် လူငယ် ၁၁ ဦး ထိခိုက်ဒဏ်ရာများဖြင့် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ထိုနေ့ နံနက် ၈ နာရီခွဲဝန်းကျင်က စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားသပိတ်ကို စစ်ကားဖြင့်တိုက်ကာ ပစ်ခတ်ဖမ်းဆီးခဲ့ရာ ၄ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု အဆိုပါလမ်းအတွင်း နေထိုင်သူများက ပြောသည်။

 သပိတ်စစ်ကြောင်း ကားတိုက်ဖြိုခွင်း၊ ပစ်ခတ်ဖမ်းဆီးခံရမှုကြောင့် ဆန္ဒပြလူငယ် ၄ ဦးထက်မနည်း သေဆုံးပြီး လူငယ် ၁၁ ဦးလည်း ဖမ်းဆီးခံလိုက်ရသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။

Most read this week

စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...
September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...