ရွာသားများ၏ စခန်းပုန်းတစ်ခုကို စစ်ကောင်စီ ဝင်စီး၊ လူ နှစ်ဦး သေ

ရွာသားများ၏ စခန်းပုန်းတစ်ခုကို စစ်ကောင်စီ ဝင်စီး၊ လူ နှစ်ဦး သေ

ရခိုင် ရိုးမအတွင်း ရှောင်ပုန်းနေသူများ၏ နေရာ တစ်ခုကို စစ်ကောင်စီ တပ်ဖွဲ့များ ဝင်ရောက် စီးနင်းသောကြောင်း လူနှစ်ဦး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီများ၏ ရန်ကို ကြောက်လန့်ပြီး မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ကြို့ပင်နယ်မြေထဲရှိ  တောထဲတွင် တိမ်းရှောင်ပုန်းအောင်နေသူများ နေထိုင်သည့် စခန်း တစ်ခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြမ်းဖက် ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။

”ကံမနယ်ထဲက အတင်းအကြပ် စစ်သားစုတာ ကင်းစောင့်ခိုင်းတာတွေကြောင်း တောထဲဝင်ပြီး ပုန်းရှောင်နေသူ တွေရဲ့ စခန်း၊ PDF တချို့က လုံခြုံရေး ယူပေးတယ်။ အဲ့စခန်း အတိုက်ခံရတာ” ဟု ဒေသခံ တစ်ဦးက ပြော သည်။

ဇန္နဝါရီလ ၁၄ ရက်နေ့၊ နံနက် ၉ နာရီခန့်တွင် သစ်မှောင်ခို အချို့မှ စစ်ကောင်စီကို သတင်းပေးလိုက်သဖြင့် ဒေသ အခေါ် သုံးမြေဆုံဒေသ ရသေ့တောင်အနီးရှိ စခန်းပုန်းတစ်ခု စီးနင်းခံရခြင်းဖြစ်သည်ဟု သရက် ကံမ ပူးပေါင်း PDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့များနှင့် ပစ်ခတ်မှုဖြစ်စဉ်အတွင်း တိမ်းရှောင်နေသူများကို လုံခြုံရေး ယူပေးသော တူမီးကိုင် နှစ်ဦး ကျဆုံးခဲ့သည်။

ထို့အပြင် အမျိုးသား နှစ်ဦး၊ အမျိုးသမီး တစ်ဦးတို့လည်း ဖမ်းဆီးခံလိုက်ပြီး လက်လုပ်မိုင်းများ၊ မိုင်းပြုလုပ်ရာ တွင် အသုံးပြုသည့် ပစ္စည်းများနှင့် သေနတ် ၈ လက် တို့ကိုလည်း စစ်ကောင်စီတပ်က သိမ်းဆည်းသွားသည်ဟု သိရသည်။

ယခု ဝင်ရောက်စီးနင်းခံရသည့် တိမ်းရှောင်စခန်းသည် ဒေသတွင်း စစ်ကောင်စီကို တော်လှန်နေသည့် ကံမ သရက် ပူးပေါင်း PDFအဖွဲ့၏ စခန်းမဟုတ်ဘူး ဟု ဒေသခံများက ဆိုသည်။

အဝိုင်းခံရစဉ်က လွတ်မြေက်လာသူ အသက် ၃၀ အရွယ် ကိုမောင်စိုးက”အဲ့မှာ သစ်တွေက တန်ရာချီရှိတယ်။ ဟိုး စေတုတ္ထရာဘက်က ပိတောက်တွေ ဒေသထွက် ကျွန်း၊ ပျဉ်းကတိုး၊ ပတ်လည်တုံးတွေ အကုန်စုပုံထားတဲ့ နေရာ။ အဲ့ကမှ ၁၂ ဘီးကားတွေနဲ့ ရခိုင်ကို ပန်းတောင်းလမ်း အတိုင်း ပို့ တာ။ သူတို့ ပစ္စည်းထိခိုက်မှာ ကြောက်လို့ သတင်းပေးတာ။ ပစ္စည်းတွေ မြင်နေရတာကျတော့ မဖမ်းဘူး။ အပေးအယူပေါ့” ဟု ပြောသည်။

ယင်း သုံးမြေဆုံနယ်မြေသည် ပဲခူးတိုင်း ပန်းတောင်းမြို့နယ်၊ ကံမမြို့နယ်၊ မင်းတုန်းမြို့နယ်တို့ ဆုံရာ ချောင်းခွ ဖြစ် ပြီး စစ်ကောင်စီတပ်ဖွဲ့အချို့နှင့် နားလည်မှုယူထားသည့် သစ်မှောင်ခိုသမားများက သစ်များ တန်ရာနှင့် ချီပြီး စုပုံ ထားရာ နေရာဖြစ်နေ၍ PDF များဟု ဆိုကာ သတင်းပေးလိုက်၍ ယခုကဲ့သို့ စီးနင်းခံရခြင်း ဖြစ်သည်ဟု သိရ သည်။

ဓါတ်ပုံ - ပုံဟောင်း
July 27, 2026
စစ်တပ်က အင်အားထပ်မံဖြည့်တင်းထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ၇ မိုင်အကွာရှိ ရွှေမင်းဂံရေတပ်...
July 27, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ လေးကေ့ကော်မြို့သစ် အနောက်ဘက် ရဲကုန်းနေရာ၌ ပြီးခဲ့သည့်...
July 27, 2026
UWSA ‘ဝ’ အပါအဝင် မဟာမိတ်ညီနောင် အချို့ စစ်တပ်နှင့် တွေ့ဆုံရန် ပြင်ဆင်နေချိန်အတွင်း...
ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...