ကသာမြို့နယ် မိုးတားကြီးရွာကို လေယာဉ်များဖြင့် တိုက်ခိုက်၊ ရွာသားများ ဒဏ်ရာရ

ကသာမြို့နယ် မိုးတားကြီးရွာကို လေယာဉ်များဖြင့် တိုက်ခိုက်၊ ရွာသားများ ဒဏ်ရာရ

စစ်ကိုင်းတိုင်းမြောက်ပိုင်း မိုးတားကြီးကျေးရွာကို စစ်ကောင်စီက ဂျက်လေယာဉ် ၂ စီးဖြင့် တိုက်ခိုက်သောကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ရွာသား ၅ ဦး ထိခိုက်ဒဏ်ရာ ရသည်ဟု ဒေသခံများက ပြောသည်။

ဇန္နဝါရီလ ၁၂ ရက်နေ့ (ယနေ့) နေ့လည် ၁ နာရီအချိန်ခန့်က ကသာမြို့နယ်အတွင်း မိုးတားကြီးရွာကို စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးအလုံးရေ ၂၀ ခန့် ကြဲပြီး စက်သေနတ်များဖြင့်လည်း တပြိုင်နက်ပစ်ခတ် တိုက်ခိုက်ခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။

“နေ့လည် ထမင်းစားပြီးချိန်လောက်ပဲ ဖြစ်တာ။ လေယာဉ်ပျံက အသံပဲကြားလိုက်တာ။ မြန်လိုက်တာမှ ဖင်မြှီး တောင် မမြင်လိုက်ရဘူးပ“ ဟု ပြောသည်။

စစ်ကောင်စီတပ် လေယာဉ်ဖြင့် ပစ်ခတ်ခဲ့သလို စက်သေနတ်များဖြင့်လည်း တပြိုင်တည်း ပစ်ခတ်ခဲ့သည့် အတွက် မိုးတားကြီး စာသင်ကျောင်းအနီးတဝိုက်၊ ဈေးအနီးတဝိုက်နှင့် ကချင်စု လူနေအိမ်များအပါ အဆောက် အဦ ၆ လုံး မီးလောင်ကျွမ်းခဲ့သည်ဟု ရွာသားတစ်ဦး က ပြောသည်။

မိုးတားကြီးကျေးရွာအတွင်းက ဓမ္မာရုံတစ်ရုံ၊ ကချင်အိမ် ၃ အိမ်၊ ဗမာအိမ် ၁ အိမ်နှင့် စပါးကျီးတစ်လုံး မီးလောင် သွားသည်ဟု အသက် ၅၀ အရွယ်ခန့်ရှိသူ ကချင်တိုင်းရင်းသူ တစ်ဦးက ပြောသည်။

“စစ်ဖြစ်နေတဲ့ နေရာမဟုတ်ဘဲ ဘာလို့ အဲ့လိုလုပ်သွားသလဲ ဆိုတာစဉ်းစားမရအောင်ဘဲ” ဟု အဆိုပါ ကချင် တိုင်းရင်းသူက ပြောသည်။

ဒဏ်ရာရသွားသည့် သူများထဲမှ ကလေးတစ်ဦးကို ကသာဆေးရုံကြီးသို့ ခေါ်သွားသည်ဟု မျက်မြင်သက်သေတစ်ဦးက ပြောသည်။

လေယာဉ်ပျံ အသံများတိတ်သွားချိန်တွင် မီးလောင်နေသည့် အိမ်များကို ရွာသားများက ညီညီညွတ်ညွတ်ဖြင့် မီးငြိမ်းသတ်ခဲ့ကြသည်ဟု ဒေသခံရွာသားများက ပြောသည်။

ဓါတ်ပုံ - ပုံဟောင်း
July 27, 2026
စစ်တပ်က အင်အားထပ်မံဖြည့်တင်းထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ၇ မိုင်အကွာရှိ ရွှေမင်းဂံရေတပ်...
July 27, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ လေးကေ့ကော်မြို့သစ် အနောက်ဘက် ရဲကုန်းနေရာ၌ ပြီးခဲ့သည့်...
July 27, 2026
UWSA ‘ဝ’ အပါအဝင် မဟာမိတ်ညီနောင် အချို့ စစ်တပ်နှင့် တွေ့ဆုံရန် ပြင်ဆင်နေချိန်အတွင်း...
ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...