ကသာနယ် မိုးတားကြီးရွာအနီး စစ်ကောင်စီတပ်မှ ဂျက်လေယာဥ် ၃ စီးဖြင့်ဗုံးကြဲ

ကသာနယ် မိုးတားကြီးရွာအနီး စစ်ကောင်စီတပ်မှ ဂျက်လေယာဥ် ၃ စီးဖြင့်ဗုံးကြဲ

စစ်ကိုင်းတိုင်း ကသာမြို့အထက်ပိုင်း၊ မိုးတားကြီးကျေးရွာအနီး စစ်ကောင်စီတပ်မှ ဂျက်လေယာဥ် ၃ စီးဖြင့် ယနေ့ ဇန်နဝါရီ ၁၂ ရက် ယနေ့ နေ့လည် ၁ နာရီဝန်းကျင်ခန့် ဗုံးကြဲခဲ့‌ကြောင်း ဒေသခံများမှ သိရသည်။

" ၁၂ လုံးလောက်ကို ချသွားတာ ‌‌ နေအိမ်တစ်ချို့ မီးလောင်သွားတယ် ပြီးတော့ ကလေးငယ်က ၃ ယောက် လူကြီး ၂ယောက် ပေါင်း၅ ယောက်ဒဏ်ရာရတာ သေတဲ့သူရှိမရှိ စုံစမ်းနေဆဲဘဲ" ဟု ‌မိုးတားလေး ဒေသခံတစ်ဦးကပြောသည်။

ယင်းကဲ့သို့ စစ်ကောင်စီတပ်မှ ဗုံးကျဲသည့်အတွက်မိုးတားကြီးရွာတွင် နေအိမ် ၅ လုံးနဲ့ ဓမ္မာရုံတခု၊ ကချင်စု၌ လူနေအိမ် အိမ် ၆ လုံးနှင့် ဘာသာရေးအဆောက်အဦး ဓမ္မရုံတစ်ခု မီးလောင်ပျက်စီးခဲ့ပြီးယင်းဗုံးကြဲမှုကြောင့် ကလေးငယ် ၃ ဦးအပါအဝင် လူကြီး ၂ ဦး စုစုပေါင်းဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး သေဆုံးသူဦးရေရှိမရှိ ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

စစ်ကောင်စီတပ် ဗုံးကျဲခဲ့သည့်နေရာများသည် မိုးတားကြီးရွာ စျေးတန်း၊ ၄င်းရွာအနီး ကချင်စုနှင့် ဗျူဟာရောင်ခြည် ဘုန်းကြီးကျောင်းအနီးရှိ ဒေါ်အောင်လျှိုအပါအဝင် ၃ နေရာဖြစ်ကြောင်း သိရသည်။

လက်ရှိမိုးတားလေးကျေးရွာတစ်လျှောက်မှ ဒေသခံများလည်း ထွက်ပြေးနေကြကြောင်း သိရသည်။

မိုးတားလေးကျေးရွာတွင် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ဒေသခံကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲများ မကြာခနဖြစ်ခဲ့သော်လည်း ယခုရက်ပိုင်း ထိပ်တိုက် တိုက်ပွဲဖြစ်ပွားမူ အခြေနေမရှိခဲ့ချေ။

" ပြည်သူတွေကို ဘလိုင်းကြီး လာကြဲသွားတာ PDF ကိုလုပ်ချင်တာလားတော့ မသိဘူး ဒါပေမယ့် ဒီနေရာတွေမှာ ပြည်သူတွေရှိတယ်ဆိုတာတော့ သိသင့်တယ်" ဟု ဒေသခံတစ်ဦးကပြောသည်။

May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...
May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...
April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...
April 29, 2026
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက...