လက်နက်သယ်လာသော ကားမောင်းသည့် ကားသမား ဖမ်းဆီးခံရပြီး အဆက်အသွယ်မရ

လက်နက်သယ်လာသော ကားမောင်းသည့် ကားသမား ဖမ်းဆီးခံရပြီး အဆက်အသွယ်မရ

ကားပေါ်တွင် သေနတ်များ ဖမ်းမိသူ ကားမောင်းသမားကို စစ်ကောင်စီက ဖမ်းထားသည်မှာ တလကြာသည်အထိ မိသားစုနှင့် တွေ့ခွင့် မရသေးကြောင်း သိရသည်။

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ မင်းကိုင်းကျေးရွာက အငှားကားမောင်းသူ ကိုသန်းထွဋ်မှာ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ၎င်း၏ ကားပေါ်တွင် တွေ့ရှိရသည့် လက်နက်များနှင့် ပတ်သက်၍ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။

၎င်းတင်ဆောင်လာသည့် ခရီးသည်နှစ်ဦးနှင့် ခရီးဆောင်အိတ် အတွင်း လက်နက်များ တွေ့ရှိမှုဖြင့် စစ်ကြောရေးတွင် ထိမ်းသိမ်းခံခဲ့ရခြင်း ဖြစ်ပြီး စစ်ကြောရေးတွင် ထိမ်းသိမ်းထားကြသူများထဲမှ တစ်ဦးသေဆုံးသွားသည်ဆိုသည့် သတင်းများလည်း ထွက်ပေါ် နေသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။

”ပြီးခဲ့တဲ့ ရက်က ကားဆရာကို ဆေးရုံပို့တယ် ကြားရုံဘဲ။ တယောက်ကတော့ သေပြီလို့ပြောတယ်။ ဒါလည်း သေချာ သိရတာမဟုတ်ဘူး။ သူတို့ အခြေအနေတွေ သိချင်တာ” ဟု မိသားစုဝင်တစ်ဦး က ပြောသည်။

ကားပေါ်တွင် လိုက်ပါလာသည့် ခရီးသည်၏ အိတ်အတွင်းမှ G3 သေနတ်၊ ပွိုင့် ၂၂ သေနတ် အပါအဝင် စုစုပေါင်း သေနတ် ၄ လက် နှင့် ကျည်ဆံများကို ပုသိမ်-မုံရွာ ကားလမ်း၊ ပဒါန်းလမ်းဆုံ စစ်ဆေးရေးဂိတ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၆ ရက်နေ့တွင် အဖမ်းခံခဲ့ရသည်။

ကားပေါ်တွင်ပါလာသည့် G3 သေနတ်နှင့် ကျည်များသည် CDM ရဲတပ်ဖွဲ့တစ်ဦး၏ လက်နက်များ ဖြစ်သည် ဟု သိရသည်။

မင်းတုန်း PDF အဖွဲ့၏ သတင်းထုတ်ပြန်မှုတွင် CDM ရဲနှင့် အခြားသင်တန်းဆရာအဖွဲ့က ကားဖြင့်မလိုက်ဘဲ ဆိုင် ကယ်ဖြင့် အလွတ်သွားလိုက်ကြသည့်အတွက် လွတ်မြောက်ခဲ့သည်ဟု ပြောဆိုထားသည်။

”ကားသမားက ဘာပါမှန်းမသိဘူး။ သက်သက်ရောပါတာ။ ဒါကြောင့် ဘယ်မှာ ချုပ်ထားတယ် ဆိုတာ သိချင်ကြ  တာ” ဟု အသက် ၆၀ အရွယ် မိသားစုဝင် အမျိုးသမီး တစ်ဦးက ပြောသည်။

မိသားစုဝင်များက အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သရက်၊ မကွေး၊ မင်းဘူး စသည့် ရဲစခန်း အသီးသီးကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ရဲစခန်းတာဝန်ရှိသူများက ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း၊ ထို့ကြောင့် စစ်တပ်ကိုသာ ဆက်သွယ် မေးမြန်းရန် ပြောဆိုသည်ဟု သိရသည်။

ဓါတ်ပုံ - ပုံဟောင်း
July 27, 2026
စစ်တပ်က အင်အားထပ်မံဖြည့်တင်းထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ၇ မိုင်အကွာရှိ ရွှေမင်းဂံရေတပ်...
July 27, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ လေးကေ့ကော်မြို့သစ် အနောက်ဘက် ရဲကုန်းနေရာ၌ ပြီးခဲ့သည့်...
July 27, 2026
UWSA ‘ဝ’ အပါအဝင် မဟာမိတ်ညီနောင် အချို့ စစ်တပ်နှင့် တွေ့ဆုံရန် ပြင်ဆင်နေချိန်အတွင်း...
ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...