ပုသိမ်တွင် ပရဟိတ လူငယ်နှစ်ဦး ဖမ်းခံရ

ပုသိမ်တွင် ပရဟိတ လူငယ်နှစ်ဦး ဖမ်းခံရ

ပုသိမ်တွင် ပရဟိတ လူငယ် အမျိုးသား တစ်ဦး နှင့် အမျိုးသမီး တစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့က ဖမ်းဆီးထားသဖြင့် မိသားစုများ စိုးရိမ်နေကြသည်။

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁၂ ရပ်ကွက် ရေကြည်ဦး ကွက်သစ်က ပရဟိတလူငယ်များကို စစ်ကောင်စီ တပ်ဖွဲ့က ဖမ်းဆီးထားခြင်း ဖြစ်သည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပုသိမ်မြို့က သပိတ်စစ်ကြောင်းများတွင် Medical cover လုပ်ပေးခဲ့ကြသည့် အသက် ၁၉ နှစ်အရွယ် ကိုထွဋ်ခေါင်လင်း နှင့် အသက် ၂၀ အရွယ် မစိုးစန္ဒာကြွယ်တို့ နှစ်ဦးကို ဇန္နဝါရီလ ၇ ရက်နေ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“ကလေး နှစ်ယောက်စလုံးက ခံဝန်နဲ့ နေကြတာပါ။ ရဲစခန်းက လာခေါ်လို့ လိုက်သွားတာ ၄ ရက်ရှိနေပြီ။ ပြန် လွှတ်မပေးသေးဘူး” ဟု မိသားစုဝင် တစ်ဦး က ပြောသည်။

ဖမ်းဆီးခံရသည့် လူငယ်နှစ်ဦးသည် NLD အစိုးရ လက်ထက်ကတည်း ပုသိမ်မြို့မ ပရဟိတ အဖွဲ့ဝင်များ ဖြစ်ပြီး၊ ပုသိမ် ကိုဗစ်-၁၉ စင်တာက စေတနာ့ဝန်ထမ်းအဖွဲ့ဝင်များဖြစ်သည်ဟု ပုသိမ်မြို့ အရပ်ဘက် လူမှုရေး အဖွဲ့ အစည်း အချို့ထံမှ သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပုသိမ်မြို့ သပိတ်စစ်ကြောင်းများတွင် ဆေးအကူအဖြစ် ပါဝင်ခဲ့သည့်အတွက် ရဲစခန်းက တစ်ကြိမ် ခေါ်ယူ စစ်မေးခံရပြီးနောက် ၎င်းတို့ ကိုယ်တိုင်အပြင် မိဘများလည်း ခံဝန်ထိုးထားခြင်းများ ပြုလုပ်ခဲ့ရသည်ဟု ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။

“အခုရက်ပိုင်းမှာ ပုသိမ်တင်မကဘူး နယ်ဘက်တွေမှာလည်း ဖမ်းဆီးခံရတာ ရှိနေတယ်။ ပြန်လွှတ်ပေးတာ က တော့ နည်းတယ်” ဟု လူအခွင့်အရေး စောင့်ကြည့် ကာကွယ်သူများ အဖွဲ့ဝင် တစ်ဦးက ပြောသည်။

ပုသိမ်အကျဥ်းထောင်တွင် စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြသဖြင့် ဖမ်းဆီးခံထားရသူများ၊ ဒလန်များ သတင်းပေး၍ ပုဒ်မအမျိုးမျိုးဖြင့် အဖမ်းခံနေရသူများ၊ ဗုံးပေါက်ကွဲမှုများ နှင့် ပစ်ခတ်မှုများကြောင့် သံသယဖြင့် အဖမ်းခံရသူ စုစုပေါင်း အယောက် ၃၂၀ ကျော်ရှိနေသည်ဟု သိရသည်။

ဓါတ်ပုံ - ပုံဟောင်း
July 27, 2026
စစ်တပ်က အင်အားထပ်မံဖြည့်တင်းထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ၇ မိုင်အကွာရှိ ရွှေမင်းဂံရေတပ်...
July 27, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ လေးကေ့ကော်မြို့သစ် အနောက်ဘက် ရဲကုန်းနေရာ၌ ပြီးခဲ့သည့်...
July 27, 2026
UWSA ‘ဝ’ အပါအဝင် မဟာမိတ်ညီနောင် အချို့ စစ်တပ်နှင့် တွေ့ဆုံရန် ပြင်ဆင်နေချိန်အတွင်း...
ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...