ဗန်းမော်မြို့အတွင်းရှိ CDM ဆရာ/ဆရာမ များအား စစ်ကောင်စီတပ်မှ လိုက်လံဖမ်းဆီးနေ ဆရာမတစ်ဦး ဖမ်းခံရ

ဗန်းမော်မြို့အတွင်းရှိ CDM ဆရာ/ဆရာမ များအား စစ်ကောင်စီတပ်မှ လိုက်လံဖမ်းဆီးနေ ဆရာမတစ်ဦး ဖမ်းခံရ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့အတွင်းရှိ CDM ပြုလုပ်ထားသည့် ဆရာ/ဆရာမ များအား စစ်ကောင်စီတပ်မှလိုက်လံဖမ်းဆီးနေပြီး ဆရာမတစ်ဦး ဖမ်းခံသွားရကြောင်း ဒေသခံများမှ သိရသည်။

"စစ်ကျွန်ပညာရေးစနစ်ကြီးကို မကြိုက်လို့ CDM လုပ်ထားတဲ့ ဆရာ/ ဆရာမတွေကို လိုက်ဖမ်းနေတာ တစ်ပတ်ကျော်ရှိလာပြီ နေ့တိုင်းလိုလို ရပ်ကွက်တစ်ခုမဟုတ် တစ်ခု တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်စစ်‌ပြီး ဖမ်းနေတာ ရွှေကျီးနား ရပ်ကွက်က ဆရာမတစ်ယောက်ဖမ်းခံသွားရတယ်" ဟု အမည်မဖော်လို ဒေသခံတစ်ဦးကပြောသည်။

လက်ရှိ ဖမ်းဆီးခံသွားရသည့် ဆရာမသည် အ.မ.က မလူလာကျောင်းမှ CDMဆရာမပြုလုပ်ထားပြီး ရွှေကျီးနားရပ်ကွက်နေသည့် ဆရာမ အိလင်းခိုင်ဆိုသူဖြစ်ကြောင်း သိရသည်။

ဆရာမ အိလင်းခိုင်သည် ဇန်နဝါရီလ ၇ရက်နေ့တွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဇန်နဝါရီလ ၉ရက်နေ့တွင် ဆရာမတစ်ဦး ထပ်မံဖမ်းဆီးခံရကြောင်း ဒေသခံအချို့ ပြောဆိုနေမူအပေါ် KNG သတင်းဌာနမှ ဆက်စုံစမ်းနေဆဲဖြစ်သည်။

ထို့ပြင် အတည်မပြုနိုင်သေးသည့် သတင်းများအရ လက်ရှိ ဗန်းမော်မြို့အတွင်း CDM ပြုလုပ်ထားသူများ၊ PDF နှင့် ဆက်စပ်သူများအား လူဦးရေ အကန့်သတ်မရှိ ရက်အကန့်အသတ်မရှိ ရှာဖွေဖမ်းဆီးသွားမည်ဟုလည်း ဒေသခံများကပြောသည်။

"ခုအခြေနေကိုကြည့်ရင် ဖမ်းဆီးမူကတော့ ရှေ့ဆက်ဒီထက်တောင် ပိုဆိုးလာနိုင်တယ် ဖြစ်နိုင်ရင်တော့ လုံခြုံတဲ့နေရာရှောင်နေသင့်တယ် ကျနော်တို့ကြားရတဲ့ သတင်းအရ သူတို့မှာ စာရင်းအတိအကျ ကောက်ထားပြီး တစ်အိမ်ဝင်တစ်အိမ်ထွက်ကို လိုက်စစ်နေတာလို့ ပြောတယ်" လို့ ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ရက်နေ့ ဆန္ဒပြရာတွင်ပါဝင်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် မတရားဖမ်းဆီးခံထားရသည့် အကျဉ်းသား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၁၃၁၆ ဦးအား လွှတ်ပေးခဲ့သော်လည်း တစ်ဖက်တွင် လူငယ်များအား ဆက်လက်ဖမ်းဆီး သတ်ဖြတ်နေဆဲဖြစ်သည်။

January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...