ဗန်းမော်မြို့အတွင်းရှိ CDM ဆရာ/ဆရာမ များအား စစ်ကောင်စီတပ်မှ လိုက်လံဖမ်းဆီးနေ ဆရာမတစ်ဦး ဖမ်းခံရ

ဗန်းမော်မြို့အတွင်းရှိ CDM ဆရာ/ဆရာမ များအား စစ်ကောင်စီတပ်မှ လိုက်လံဖမ်းဆီးနေ ဆရာမတစ်ဦး ဖမ်းခံရ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့အတွင်းရှိ CDM ပြုလုပ်ထားသည့် ဆရာ/ဆရာမ များအား စစ်ကောင်စီတပ်မှလိုက်လံဖမ်းဆီးနေပြီး ဆရာမတစ်ဦး ဖမ်းခံသွားရကြောင်း ဒေသခံများမှ သိရသည်။

"စစ်ကျွန်ပညာရေးစနစ်ကြီးကို မကြိုက်လို့ CDM လုပ်ထားတဲ့ ဆရာ/ ဆရာမတွေကို လိုက်ဖမ်းနေတာ တစ်ပတ်ကျော်ရှိလာပြီ နေ့တိုင်းလိုလို ရပ်ကွက်တစ်ခုမဟုတ် တစ်ခု တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်စစ်‌ပြီး ဖမ်းနေတာ ရွှေကျီးနား ရပ်ကွက်က ဆရာမတစ်ယောက်ဖမ်းခံသွားရတယ်" ဟု အမည်မဖော်လို ဒေသခံတစ်ဦးကပြောသည်။

လက်ရှိ ဖမ်းဆီးခံသွားရသည့် ဆရာမသည် အ.မ.က မလူလာကျောင်းမှ CDMဆရာမပြုလုပ်ထားပြီး ရွှေကျီးနားရပ်ကွက်နေသည့် ဆရာမ အိလင်းခိုင်ဆိုသူဖြစ်ကြောင်း သိရသည်။

ဆရာမ အိလင်းခိုင်သည် ဇန်နဝါရီလ ၇ရက်နေ့တွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဇန်နဝါရီလ ၉ရက်နေ့တွင် ဆရာမတစ်ဦး ထပ်မံဖမ်းဆီးခံရကြောင်း ဒေသခံအချို့ ပြောဆိုနေမူအပေါ် KNG သတင်းဌာနမှ ဆက်စုံစမ်းနေဆဲဖြစ်သည်။

ထို့ပြင် အတည်မပြုနိုင်သေးသည့် သတင်းများအရ လက်ရှိ ဗန်းမော်မြို့အတွင်း CDM ပြုလုပ်ထားသူများ၊ PDF နှင့် ဆက်စပ်သူများအား လူဦးရေ အကန့်သတ်မရှိ ရက်အကန့်အသတ်မရှိ ရှာဖွေဖမ်းဆီးသွားမည်ဟုလည်း ဒေသခံများကပြောသည်။

"ခုအခြေနေကိုကြည့်ရင် ဖမ်းဆီးမူကတော့ ရှေ့ဆက်ဒီထက်တောင် ပိုဆိုးလာနိုင်တယ် ဖြစ်နိုင်ရင်တော့ လုံခြုံတဲ့နေရာရှောင်နေသင့်တယ် ကျနော်တို့ကြားရတဲ့ သတင်းအရ သူတို့မှာ စာရင်းအတိအကျ ကောက်ထားပြီး တစ်အိမ်ဝင်တစ်အိမ်ထွက်ကို လိုက်စစ်နေတာလို့ ပြောတယ်" လို့ ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ရက်နေ့ ဆန္ဒပြရာတွင်ပါဝင်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် မတရားဖမ်းဆီးခံထားရသည့် အကျဉ်းသား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၁၃၁၆ ဦးအား လွှတ်ပေးခဲ့သော်လည်း တစ်ဖက်တွင် လူငယ်များအား ဆက်လက်ဖမ်းဆီး သတ်ဖြတ်နေဆဲဖြစ်သည်။

July 30, 2026
အမေရိကန် ပြည်ထောင်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဥပဒေစိုးမိုးရေးအဖွဲ့ (ICE) က ကချင်...
July 30, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် စစ်ရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ကြက်ဥ...
July 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ခွန်ဆာကုန်းကျေးရွာ ကားကြီးကွင်းအနီးတွင်...
July 24, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ကျေးရွာဘက်သို့ စစ်ဘေးရှောင်လာကြသည့် အမတ်ပေါ်ကျေးရွာ...