ရဟတ်ယာဉ်တစ်စီးနဲ့ သံချပ်ကာကားတစ်စီး ဖျက်ဆီးနိုင်ခဲ့ကြောင်း KNDF ထုတ်ပြန်

ရဟတ်ယာဉ်တစ်စီးနဲ့ သံချပ်ကာကားတစ်စီး ဖျက်ဆီးနိုင်ခဲ့ကြောင်း KNDF ထုတ်ပြန်

ကရင်နီပြည်နယ်အတွင်း ဇန္နဝါရီလ ၈ ရက်နေ့ (ယနေ့) တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီ၏ တင့်ကားတစ်စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သည့် အပြင် ရဟတ်ယာဉ် တစ်စင်းကိုလည်း ပစ်ချနိုင်ခဲ့ သည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ပြောသည်။

ကရင်နီပြည်နယ်အတွင်း ဇန္နဝါရီလ ၈ ရက်နေ့ ( ယနေ့ ) ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပတ်သက်သည့် KNDF ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ထိုသို့ထည့်သွင်းထားသည်။

KNDF က “တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ တင့်ကားတစ်စီး မီးလောင်ပျက်စီးခဲ့ပါသည်။ KNDF မှ တိုက်ပွဲအတွင်း လက်နက် (၁၁) လက် နှင့်လက်နက်ကြီးကျည်နှင့် လင်နက်ငယ် ကျည်အချို့ကို သိမ်းဆည်းရမိခဲ့ ပါသည်။ အကြမ်းဖက်စစ်ကောင်စီများဖက်မှ အထိနာသဖြင့် ရဟတ်ယာဥ် နှင့် တိုက်လေယာဥ် နှစ်စင်းတို့ဖြင့် ဗုံးကျဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ နေ့လည်ခင်း (၁၄း၀၀) နာရီမှစ၍ ညနေ (၁၉း၀၀) နာရီအထိ တိုက်လေ ယာဥ်များနှင့်ရဟတ်ယာဥ်များဖြင့် (၁၀) ကြိမ် လာရောက်ပစ်ခတ်ခဲ့ပါသည်” ဟု ပြောသည်။

စစ်ကောင်စီ၏ ရဟတ်ယာဉ်တစ်စင်းကို ယနေ့ည ၈ နာရီအချိန်က ပစ်ချနိုင်ခဲ့သည်ဟု KNDF က ဆက်ပြော သည်။

“ည (၂၀း၀၀)နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ရဟတ်ယာဥ်တစ်စင်းလာရောက်ပစ်ခတ်စဥ် ပစ်ချခံရပြီး လွိုင်ကော်မြို့၊ ဒေါမူကလား ကျေးရွာအနီးတွင် ပျက်ကျမီးလောင်ပျက်စီးခဲ့ပါသည်” ဟု ပြောသည်။

ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများမှာ ဒီးမော့ဆိုမြို့နယ်၊ (၅) မိုင်၊ (၆) မိုင်၊ ဒေါပိုးစီမှ၊ လွိုင်ကော်မြို့နယ်၊ မိုင်းလုံးနှင့် ပန်ကန်းရပ်ကွက်အထိ၊ တိုက်ပွဲများပြင်းထန်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်မှ ဗိုလ်အဆင့်ရှိသူ တစ်ဦးအပါအဝင် အနည်းဆုံး အယောက် ၃၀ ဦး ခန့် ကျ ဆုံးပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းယူရရှိခဲ့သည်ဟု KNDF က ထုတ်ပြန်ထားသည်။

ယနေ့တိုက်ပွဲအတွင်း KNDF ဖက်မှလည်း တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီဖက်မှ တင့်ကား၊ ရဟတ်ယာဉ်၊ တိုက်လေယာဉ်များပါဝင်ပြီး အင်အားအလုံးအရင်းနှင့် ကရင်နီပြည် နယ်ရှိ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များကို တိုက်ခိုက်ခဲ့သော်လည်း အထိနာသဖြင့် (၅) မိုင်၊ (၆) မိုင်၊ ဒေါပိုး စီ မြို့တွင်းသို့ တပ်ဆုတ်သွားသည်ဟု ပြောသည်။

တိုက်ပွဲအတွင်းစစ်ကောင်စီတပ်မှ ပြည်သူများ၏ နေအိမ်များမှ ပစ္စည်းများကို ဖောက်ထွင်းယူဆောင်သွား သည့် အပြင် နေအိမ် ၁၀ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု KNDF ၏ ထုတ်ပြန်ချက်အရ သိရသည်။

ကရင်နီပြည်နယ်တွင် မြို့ပြတိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် လေကြောင်း ရန်မှ အကာအကွယ်ပေးနိုင်သည့် နေရာနှင့် တိုက်ပွဲဖြစ်နေသည့်နေရာ၊ တိုက်ပွဲဖြစ်နိုင်ခြေများသည့်နေရာ များ တွင် နေထိုင်ကြရန် KNDF ပြည်သူများကို တိုက်တွန်းနှိုးဆော်ထားသည်။

February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...