မြစ်ကြီးနား ဇီးအွန် စစ်ရှောင်စခန်းတွင် စားနပ်ရိက္ခာအရေးပေါ်ထောက်ပံ့ရေး လိုအပ်နေ

မြစ်ကြီးနား ဇီးအွန် စစ်ရှောင်စခန်းတွင် စားနပ်ရိက္ခာအရေးပေါ်ထောက်ပံ့ရေး လိုအပ်နေ

အိမ်ထောင်စု တစ်ရာကျော် မှီတင်းနေထိုင်သော ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်ရှိ ဇီးအွန် (ဇီးလွန်) စစ်ရှောင်စခန်းတွင် အစားအသောက်အတွက် အရေးပေါ်ထောက်ပံ့ရေး အကူအညီလိုအပ်နေကြောင်း စခန်းတာဝန်ခံများမှ သိရသည်။

”ကျွန်တော်တို့ဆီမှာ အခုလောလောဆယ်တော့ အစားအသောက်ပဲခက်ခဲနေတယ်။ အစားအသောက်ကအရင်ကဆိုရင် လူကယ်ပြန်ကလာပေးတယ် ဆန်တွေဘာတွေလာပေးတယ်။ အခုတစ်လ နှစ်လတော့ လာပေးတာမရှိတော့ဘူး။ နေ့စားသွားပြီးမှ ဝယ်စားနေရတာ။ အလုပ်ကလည်း နေ့တိုင်းမရှိတော့ ခက်ခဲနေတာ”ဟု ၎င်းကပြောသည်။

ဇီးအွန် စစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၁၃၆ စု၊ လူဦးရေ ၆၉၇ ဦး မှီတင်းနေထိုင်နေပြီး ဒီဇင်ဘာလနှင့် ယခုလအတွင်း မည့်သည့် အထောက်အပံ့မျှမရှိသေးသည့်အတွက် ပိုမိုခက်ခဲလာကြောင်း ၎င်းကဆက်ပြောသည်။

ယခင် ဇီးအွန်စစ်ရှောင်စခန်းတွင် လူကယ်/ပြန်ဌာနမှ လူတစ်ဦးလျှင် ဆန် ၇ ပြည်နှုန်းဖြင့် နောက်ဆုံးအကြိမ်လာရောက်ထောက်ပံ့ထားခဲ့သော်လည်း နိုဝင်ဘာလမှစကာ ထောက်ပံ့မှုမရှိတော့သည့်အပြင် အခြားအဖွဲ့အစည်းများလည်း လာရောက်ထောက်ပံ့ခြင်း မရှိကြောင်း သိရသည်။

”အခုနောက်ပိုင်းက အရင်လို အဖွဲ့အစည်းတွေလည်း အထောက်အပံ့မရှိသလောက်နည်းသွားတယ်။ ပြီးတော့အရင်ကဆိုရင် ကလေးတွေလည်း ဆိုင်မှာတွေမှာအလုပ်ဝင်လုပ်တဲ့လူရှိတဲ့ မိသားစုဆိုရင်သူတို့က ပြန်ထောက်ပံ့နိုင်တယ်။ အခုက ကလေးတွေလည်းအရင်လိုအလုပ်မရှိတော့ ပိုပြီးခက်ခဲလာတယ်။ စားသောက်ရေးကတော့” ဟု ဇီးအွန်းစစ်ရှောင်စခန်းမှ စစ်ရှောင်ပြည်သူတစ်ဦးကပြောသည်။

ဇီးအွန် စစ်ရှောင်စခန်းသည် ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲကြောင့် လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကတည်းက ထွက်ပြေးလာသော စခန်းတစ်ခုဖြစ်သည်။

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...