အင်းတော်နှင့် ထီးချိုင့်အစပ်တွင် ဂျက်လေယာဥ်ဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး

အင်းတော်နှင့် ထီးချိုင့်အစပ်တွင် ဂျက်လေယာဥ်ဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် နှင့် ထီးချိုင့်နယ်အစပ်ရှိ ဂဟဲရွာဟောင်းတွင် ဒီဇင်ဘာ ၄ ရက်နေ့က စစ်ကောင်စီဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် နေအိမ်အချို့မီးလောင်ပြီး ဒေသခံအမျိုးသမီး ၁ ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

" လေယာဉ်နဲ့ ဗုံးကြဲတာ တစ်အိမ်မှာဘဲ နှစ်လုံးကျသွားတယ်လို့ သိရတယ်။ ဗုံးစထိမှန်တာက အဲဗုံးကျတဲ့ဘေးအိမ်က အမျိုးသမီးဗုံးဆံထိမှန်လို့ ပွဲချင်းပြီး ဆုံးသွားပြီလို့ ပြောတယ်" ဟု ဒေသခံတစ်ဦးက KNG ကို ပြောသည်။

စစ်ကောင်စီတပ်သည် ယနေ့ နေ့လည် ၁၂နာရီမှစကာ PDF ‌တပ်များ ခိုအောင်းနိုင်သည်ဟု ယူဆသော နေရာများ၊ ရွာများတွင် စစ်ရဟတ်ယဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကာ ဂဟဲကျေးရွာတွင် ဗုံးအလုံးရေ ၈ လုံးထက်မနည်း ပစ်ခဲ့ကြောင်း Tigyaing Revolution အဖွဲ့မှလည်း ဖော်ပြထားသည်။

မန္တလေးမှ ဆန်တက်လာသည့် စစ်သင်္ဘောအား HPDF ပူးပေါင်းအဖွဲ့နှင့် ကသာ PDF တို့ ပစ်ခတ်လိုက်သည့်အတွက် လုံခြုံရေးယူပေးနေခြင်း ဖြစ်နိုင်ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူများက ပြောဆိုသည်။

" ကျနော်တို့ ထင်တာတော့ သူတို့ သင်္ဘောကို မပစ်နိုင်အောင် PDF တွေရှိတယ်လို့ ယူဆတဲ့နေရာကို လေကြောင်းနဲ့ လာပစ်တယ်လို့ ယူဆလို့ရတယ်။ မနေ့က ပစ်ခတ်ရတဲ့ စစ်သင်္ဘော နှစ်စီးက ကသာကနေ ဒီနေ့ အထက်ကို ပြန်ဆန်တက်နေတယ် တစ်ချိန်ထဲ စစ်သင်္ဘောတက် မြစ်ကြောင်းတစ်လျှောက် ပုဇင်း နှစ်ကောင်က တောက်လျှောက် လိုက်ဝဲနေတယ်" ဟု ဒေသခံရင်းမြစ်တစ်ဦးကပြောသည်။

ထို့ပြင် အင်းတော်မြို့နယ် မဲဇာရိုးတစ်လျှောက် ဟဲနု အလယ်ရွာနဲ့ ပိန်းအင်းရွာဘက်တွင်လည်း စစ်ကောင်စီတပ်များ အင်အားတိုးချဲ့ စစ်ကြောင်းများ ဝင်ရောက်နေကာ ပိန်းအင်းရွာမှ ဒေသခံတစ်ဦးအား လမ်းပြအဖြစ် ဖမ်းဆီးခေါ် ဆောင်သွားကြောင်း ၎င်းကဆက်ပြောသည်။

အလားတူ ယနေ့ ၁၂နာရီဝန်းကျင်မှစကာ အင်းတော်မြို့အဝင်တွင် စစ်ကောင်စီတပ်မှ ဆိုင်ကယ်၊ကားများ ခရီးသွားပြည်သူများအား စစ်ဆေးမူများလည်း လုပ်ဆောင်နေကြောင်း ဒေသခံပြည်သူများကပြောသည်။

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းဒေသတွင်းရှိ ကျေးရွာများတွင် PDF နှင့် ဆက်စပ်သည်ဟု ယူဆရသော ပြည်သူများအား လိုက်လံဖမ်းဆီးမူများ ပိုမိုလုပ်ဆောင်လာသည့်အပြင် စစ်လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်မူများ ပြုလုပ်နေဆဲဖြစ်သည်။

January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...