CDM ရဲတပ်ကြပ်ကြီး တစ်ဦး ဖမ်းဆီးခံရ

CDM ရဲတပ်ကြပ်ကြီး တစ်ဦး ဖမ်းဆီးခံရ

ရဲစခန်းမှ ရွှေ၊ ငွေနှင့် ပိုက်ဆံများ ယူဆောင်သွားခဲ့ပြီး CDM လုပ်သည့် ရဲတပ်ကြပ်ကြီးတစ်ဦး ဧရာဝတီတိုင်း အင်္ဂပူမြို့နယ် အတွင်း၌ ဖမ်းဆီးခံ လိုက်ရသည်။

ဦးဇော်မင်းဝင်းသည် ယင်းမာပင် ရဲစခန်းမှ သိမ်းဆည်းထားသည့် ရွှေ ၁၂ ပိဿာခွဲ၊ ငွေသားကျပ် သိန်း ၅၀၀ နှင့် BA 63 သေနတ်တစ်လက်တို့ကို ယူဆောင်ကာ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့က CDM ပြုလုပ်ပြီး ယင်းမာပင် PDF ထံတွင် ပူးပေါင်းခိုလှုံခဲ့သူ ဖြစ်သည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင် မြို့မရဲစခန်းက CDM ရဲတပ်ကြပ်ကြီး ဇော်မင်းဝင်းသည် ၎င်း၏ မိသားစုနှင့်အတူ အင်္ဂပူမြို့နယ်၊ ထူးကြီးနယ်မြေ ရဲစခန်း အပိုင် အတွင်း ဒီဇင်ဘာလ ၃၁ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ ဝင်များ၏ ဖမ်းဆီးခြင်း ကိုခံရလိုက်ရခြင်းဖြစ်သည်ဟု ရဲ တပ်ဖွဲ့ နှင့် နီးစပ်သူများထံမှ သိရသည်။

"မိသားစုနဲ့ ထူးကြီးက အမျိုးတွေဆီ လာတာမှာ အဖမ်းခံရတာ။ အဖမ်းခံရချိန်မှာ လက်နက်တို့ ဘာတို့တော့ သိမ်းမိတာမျိူးတော့ မရှိဘူး" ဟု ထူးကြီးနယ်မြေအတွင်းက ရဲတပ်ဖွဲ့ နှင့် နီးစပ်သူတစ်ဦး ကပြောသည်။

ရဲတပ်ကြပ်ကြီး ဇော်မင်းဝင်သည် CDM လုပ်ပြီး လေးလ အကြာတွင် အဖမ်းခံလိုက်ရခြင်း ဖြစ်သည်။

အသက် ၄၀ ကျော်ဝန်းကျင်ရှိ ဦးဇော်မင်းဝင်းသည် ရဲတပ်ကြပ်ကြီး ရာထူးဖြင့် ယင်းမာပင် မြို့မရဲစခန်းတွင် ရုံး စာရေး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည် ဟု သိရသည်။

အင်္ဂပူမြို့နယ် ရဲတပ်ဖွဲ့ မှ ရဲအရာရှိ တစ်ဦး က “အဲဒီကိစ္စနဲ့ ပါတ်သက်ပြီး ဖမ်းမိတာမှန်တယ်။ ကျန်တာတော့ လ/ဝ (လျှိုဝှက်) မို့ ပြောပြလို့ မရဘူး" ဟု ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ အနှံ့အပြားက ရဲအရာများအပါအဝင် အကြပ်၊ တပ်သား၊ ရဲမေ များ CDM ပြုလုပ်၍ စစ်တပ်၏ အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ပြည်သူများနှင့် ပူးပေါင်းလာသူ ထောင်ဂဏာန်း ကျော်ရှိနေပြီ ဖြစ်သည်။

ဓါတ်ပုံ - ပုံဟောင်း
July 27, 2026
စစ်တပ်က အင်အားထပ်မံဖြည့်တင်းထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ၇ မိုင်အကွာရှိ ရွှေမင်းဂံရေတပ်...
July 27, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ လေးကေ့ကော်မြို့သစ် အနောက်ဘက် ရဲကုန်းနေရာ၌ ပြီးခဲ့သည့်...
July 27, 2026
UWSA ‘ဝ’ အပါအဝင် မဟာမိတ်ညီနောင် အချို့ စစ်တပ်နှင့် တွေ့ဆုံရန် ပြင်ဆင်နေချိန်အတွင်း...
ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...