တနင်္သာရီတိုင်းမှာ တက်ကြွလှုပ်ရှားသူ ၃၀ နီးပါး ဖမ်းဆီးခံရ

တနင်္သာရီတိုင်းမှာ တက်ကြွလှုပ်ရှားသူ ၃၀ နီးပါး ဖမ်းဆီးခံရ

တနင်္သာရီတိုင်းမှာ ဒီဇင်ဘာတစ်လအတွင်း တက္ကသိုလ်ကျောင်းသားတွေ အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၃၀ နီးပါး ဖမ်းဆီးခံလိုက်ရတယ်လို့ မြိတ်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့က ပြောပါတယ်။

ဖမ်းဆီးခံရသူ အများစုမှာတော့ တက္ကသိုလ်ကျောင်းသားတွေ၊ သမဂ္ဂအဖွဲ့ဝင်တွေနဲ့ တက္ကသိုလ်ကျောင်းသားဟောင်းတွေ ပါဝင်နေတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေကိုတော့ စစ်ကေင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မတွေ၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မတွေနဲ့ တရားစွဲထားပါတယ်။

ဖမ်းဆီးခံရတဲ့သူ အများစုဟာ စစ်အုပ်စုထောက်ခံသူတွေနဲ့ သတင်းပေးဒလန်တွေကြောင့် အဖမ်းခံခဲ့ရတာ ဖြစ်တယ်လို့ မြိတ်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ အမှုဆောင် တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးခံရတဲ့သူတွေကို စစ်ကောင်စီက စစ်ကြောရေးသို့ ပို့ဆောင်ထားတာ ဖြစ်ပြီး တစ်ဦးတစ်ယောက်မှ ပြန်လည် လွတ်မြောက်လာတာ မရှိဘူးလို့ ဆိုပါတယ်။

ဖမ်းဆီခံရတဲ့သူတွေကိုဟာ လက်ရှိအချိန်ထိ မိသားစုနဲ့ တွေ့ခွင့်မရသေးသလို တချို့မိသားစုဝင်တွေဆိုရင် စစ်ကောင်စီရဲ့ မတရားဖမ်းဆီးတာကို ခံနေရတာ ဖြစ်ပါတယ်။

တနင်္သာရီတိုင်းမှာတော့ စစ်အာဏာရှင် ဆန့်ကျင်တဲ့သူတွေကို စစ်ကောင်စီက ပုဒ်မအမျိုးမျိုးတပ်ပြီး အမြင့်ဆုံး ပြစ်ဒဏ်တွေ ချမှတ်အရေးယူနေတာ ဖြစ်ပါတယ်။

Most read this week

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...