တနင်္သာရီတိုင်းမှာ တက်ကြွလှုပ်ရှားသူ ၃၀ နီးပါး ဖမ်းဆီးခံရ

တနင်္သာရီတိုင်းမှာ တက်ကြွလှုပ်ရှားသူ ၃၀ နီးပါး ဖမ်းဆီးခံရ

တနင်္သာရီတိုင်းမှာ ဒီဇင်ဘာတစ်လအတွင်း တက္ကသိုလ်ကျောင်းသားတွေ အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၃၀ နီးပါး ဖမ်းဆီးခံလိုက်ရတယ်လို့ မြိတ်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့က ပြောပါတယ်။

ဖမ်းဆီးခံရသူ အများစုမှာတော့ တက္ကသိုလ်ကျောင်းသားတွေ၊ သမဂ္ဂအဖွဲ့ဝင်တွေနဲ့ တက္ကသိုလ်ကျောင်းသားဟောင်းတွေ ပါဝင်နေတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေကိုတော့ စစ်ကေင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မတွေ၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မတွေနဲ့ တရားစွဲထားပါတယ်။

ဖမ်းဆီးခံရတဲ့သူ အများစုဟာ စစ်အုပ်စုထောက်ခံသူတွေနဲ့ သတင်းပေးဒလန်တွေကြောင့် အဖမ်းခံခဲ့ရတာ ဖြစ်တယ်လို့ မြိတ်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ အမှုဆောင် တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးခံရတဲ့သူတွေကို စစ်ကောင်စီက စစ်ကြောရေးသို့ ပို့ဆောင်ထားတာ ဖြစ်ပြီး တစ်ဦးတစ်ယောက်မှ ပြန်လည် လွတ်မြောက်လာတာ မရှိဘူးလို့ ဆိုပါတယ်။

ဖမ်းဆီခံရတဲ့သူတွေကိုဟာ လက်ရှိအချိန်ထိ မိသားစုနဲ့ တွေ့ခွင့်မရသေးသလို တချို့မိသားစုဝင်တွေဆိုရင် စစ်ကောင်စီရဲ့ မတရားဖမ်းဆီးတာကို ခံနေရတာ ဖြစ်ပါတယ်။

တနင်္သာရီတိုင်းမှာတော့ စစ်အာဏာရှင် ဆန့်ကျင်တဲ့သူတွေကို စစ်ကောင်စီက ပုဒ်မအမျိုးမျိုးတပ်ပြီး အမြင့်ဆုံး ပြစ်ဒဏ်တွေ ချမှတ်အရေးယူနေတာ ဖြစ်ပါတယ်။

Most read this week

ဓာတ်ပုံ-MOI
January 24, 2026
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးတိုက်ပွဲတွေကို ရင်ဆိုင်နေရတဲ့ စစ်တပ်က သမားရိုးကျ စစ်ပွဲအပြင်...
January 23, 2026
ကရင်ပြည်နယ် မြဝတီမြို့မှာရှိတဲ့ ကရင်အမျိုးသားတပ်မတော် KNA တပ်ဖွဲ့ဝင်တွေအနေနဲ့ လာမယ့် ဇန်နဝါရီ ၂၅...
January 22, 2026
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စခန်းကြီးကျေးရွာအုပ်စုမှာ ဒရုန်းဗုံး...
January 21, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လက်အောက်ခံ ယာဉ်ထိန်းရဲတွေဟာ ဒေသတွင်း...