ကလေးမြို့နယ် နတ်ချောင်းရွာ ဒေသခံ ၁၁ ဦးခန့်ကို စစ်ကောင်စီတပ်ဖွဲ့ သတ်ဖြတ်ထား၊ အလောင်းမကောက်နိုင်သေး

ကလေးမြို့နယ် နတ်ချောင်းရွာ ဒေသခံ ၁၁ ဦးခန့်ကို စစ်ကောင်စီတပ်ဖွဲ့ သတ်ဖြတ်ထား၊ အလောင်းမကောက်နိုင်သေး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နတ်ချောင်းရွာတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့်အတွက် စစ်ကောင်စီတပ်မှ ပစ်ခတ်သတ်ဖြတ်ထားသည့် ဒေသခံပြည်သူအလောင်းများ ကောက်ယူနိုင်ခြင်းမရှိသေးကြောင်း ဒေသခံရင်းမြစ်များထံမှ သိရသည်။

” အခုလက်ရှိမှာ ပစ်ခတ်သံတွေပြန်ကြားနေရပြီတဲ့ခင်ဗျ။ ‌နောက်ဆုံးကြားထားရတဲ့ သတင်းအရတော့ သေဆုံး ၁၁ ဦး လောက်ရှိပြီ အလောင်းမကောက်ရဲကြသေးဘူးလို့သိရပါတယ်” ဟု ဒေသခံရင်းမြစ် တာဝန်ရှိသူ တစ်ဦးက ပြောသည်။

နတ်ချောင်းရွာတွင် ဒီဇင်ဘာလ ၂၂ ရက်နေ့မှစပြီး  စစ်ကောင်စီတပ်မှ ဒေသခံပြည်သူအချို့အား လိုက်လံဖမ်းဆီးမူများ ပြုလုပ်လာသည့်အပြင် ရွာတွင်းဝင်ရောက်တပ်ဆွဲထားကာ နေအိမ်များဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခြင်းပြုလုပ်ခဲ့သည်။

ထို့နောက် အဆိုပါ ည (၇)နာရီဝန်းကျင် စာသင်ကျောင်းဝန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များသည် နတ်ချောင်းကျေးရွာမှ စစ်ကား(၈)စီးဖြင့် ပြန်ထွက်ခွာသွားသည့် လမ်းတွင် ပကဖ (ကလေး)နှင့် CNDFပူးပေါင်းအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်အတွက် ယာဉ်တစ်စီးအပါအဝင် စစ်ကောင်စီဘက်မှ ၁၆ ဦးခန့် သေဆုံးကြောင်း ဒေသခံရင်းမြစ်တစ်ဦးက ထပ်ပြောသည်။

“သူတို့ဘက်က အထိနာနေလို့ မနေ့က ရဟတ်ယာဉ် (၂) စီး သုံးတဲ့အထိ ဖြစ်လာတယ်လို့ယူဆရတယ်။ တစ်ခါမှ ဒီလောက်ထိ မပစ်ဖူးဘူး။ မြို့ထဲလည်း ခရီးသည်တင်လေယာဉ်က ပိတ်ထားတော့ လေဆိပ်ကို သူတို့စိတ်ကြိုက်သုံးလို့ ရနေတာ။ ကျောင်းဝန်းထဲမှာလည်း တပ်စွဲထားတယ် လေဆိပ်ဘေးက ဒကစ တပ်ဆိုတော့ လက်နက်၊ ကျည်၊ လူအင်အားဖြည့်ပြီး ပြန်ပစ်မယ့်အနေအထားရှိနေတယ်။ ဒီမနက် ခနငြိမ်တဲ့အချိန် တစ်ချို့က ထွက်ပြေးကုန်ပြီ ပိတ်မိနေတဲ့သူတွေလည်း ရှိနေသေးတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

လက်ရှိ ကျေးရွာအတွင်း သတ်ဖြတ်ခံရသည့် ရုပ်အလောင်းတချို့အား ကောက်ယူနိုင်ခြင်းမရှိသေးသည့်အပြင် သတ်ဖြတ်ခံထားရသည့် ပြည်သူများ၏ စာရင်းအတိအကျ မသိရှိနိုင်သေးကြောင်းနှင့် သတ်ဖြတ်ခံရသူ ဒီထက်မက ပိုများနိုင်ကြောင်း  ၎င်း ကဆက်ပြောသည်။

နတ်ချောင်းရွာတွင် ဒီဇင်ဘာလ ၂၂ ရက်နေ့မှ MPT  ဖုန်းလိုင်းများဖြတ်တောက်ခံထားရသည့်အတွက်  ထွက်ပြေးသူ အချို့မှာလည်း ဖုန်းလိုင်းများမမိသည့် နေရာများတွင် ရောက်ရှိနေသောကြောင့် အန္တရာယ်ကင်းသည် မကင်းသည်ကို သိရှိရခြင်းမရှိသေးကြောင်း သူက ပြောသည်။

နတ်ချောင်းရွာသည် အိမ်ခြေ ၂၀၀၀ ဝန်းကျင်ရှိပြီး ကလေးမြို့တောင်ဘက် ၁၅ မိုင်အကွာခန့်တွင် တည်ရှိသော ကျေးရွာဖြစ်သည်။

May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...
May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...
April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...
April 29, 2026
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက...